Message ပို့ခြင်းဆိုတာ မိမိဆိုလိုချင်သည့်အကြောင်းအရာအချို့ကို
အတိုချုံ့ရေးသားကာ မိုဘိုင်းဖုန်း သို့မဟုတ် ရွှေ့လျားသယ်ဆောင်သွားနိုင်တဲ့
ပစ္စည်းများကို အသုံးပြု ပြီး မိုဘိုင်းနက်ဝေါ့ခ် ပေါ်တွင်
တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်စာပို့ကြသည့်စနစ်တစ်ခုဖြစ်သည်။ Message
(မက်ဆေ့) ကို SMS (Shrot Message Service ) လို့လည်း
ခေါ်ဝေါ်သတ်မှတ်ကြပါသေးတယ်။ SMS ဟာ စာတိုပေးပို့ခြင်းအတွက်သာ
ရည်ရွယ်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ရုပ်ပုံများ ၊ ဗီဒီယိုများနှင့်
အသံများကိုပေးပို့နိုင်တဲ့ MMS (Multimedia Message Service)
လို့ခေါ်ဝေါ်သတ်မှတ်ကြပြန်ပါသေးတယ်။
Message ပေးပို့သူများကို အများအားဖြင့် texter လို့ခေါ်ကြပေမဲ့
နေရာဒေသအပေါ် မူတည်ပြီး အမျိုးမျိုးခေါ်ဝေါ်သတ်မှတ်ကြပါတယ်။
တောင်အမေရိကမှာတော့ text လို့ခေါ်ကြသလို ယူကေ (United Kingdom) ၊ သြတြေးလျ ၊
နယူဇီလန် နဲ့ ဖိလစ်ပိုင်တို့မှာလည်း ထိုသို့ခေါ်ကြပါတယ်။ ဥရောပ
ဒေသနိုင်ငံတွေမှာတော့ SMS တစ်မျိုးတည်းအဖြစ်သာ သိကြပေမဲ့ အာဖရိက
အရှေ့အလယ်ပိုင်း အာရှ အရှေ့အလယ်ပိုင်းတို့မှာတော့ MMS သို့မဟုတ် SMS
ဆိုပြီး သိကြပါတယ်။
Message service ကို တစ်ဦးတစ်ယောက် ပုဂ္ဂိုလ်ရေးအတွက်အသုံးပြုယုံတင်မကပဲ
စီးပွားရေးလုပ်ငန်းများဖြစ်တဲ့ ကြော်ငြာဝန်ဆောင်မှုလုပ်ငန်းများ ၊
ပရိုမိုရှင်း အစီအစဉ်များကြော်ငြာခြင်း လုပ်ငန်းများ နှင့်
ငွေပေးခြေရမည့် နောက်ဆုံးနေ့ကို အသိပေးကြေငြာကြသည့် လုပ်ငန်းများ တွင်
အီးမေးလ် သို့ဟုတ် အသံမေးလ် များအစား Message service ကိုလည်း
အသုံးပြုကြပါတယ်။
Ref : Wiki
Aung Ko Htet (MMAS)
No comments:
Post a Comment