စမတ်ဖုန်းတွေအများစုမှာ အသုံးပြုနေတဲ့ Chipset Company တွေထဲက
နာမည်ကြီး Company ကြီး တစ်ခုဖြစ်တဲ့ Qualcomm Company ဟာ ၄င်းတို့ရဲ့ mid – & entry- level Chip
အမျိုးအစား အသစ် ၂ မျိုး ကို ထပ်မံ မိတ်ဆက်လိုက်ပါပြီ
Snapdragon 412 နဲ့ Snapdragon 212 အမည်ရတဲ့ အဆိုပါ Chip ၂မျိုးဟာ လာမယ့် မျိုးဆက် mid နဲ့ entry စမတ်ဖုန်းတွေမှာ
အသုံးပြုဖို့ ရည် ရွယ်ထုတ်လုပ်တာလို့ ဆိုပြီး ဈေးကွက်ထဲမှာလည်း အဆိုပါ Chip 2 မျိုး အသုံးပြု
ဖုန်းအမျိုး စားတွေ ထွက်ရှိလာနိုင်ဖို့ Target ထားနေပါတယ်
Processor Speed အနေနဲ့ Snapdragon 412 ဟာ 200MHz ကနေ 1.4GHz ထိ boost ပေးနိုင်မှာဖြစ်ပြီး
Snapdragon 212 ကတော့ 200MHz ကနေ 1.3GHz ထိအသုံးပြုနိုင်မှာဖြစ်ပါတယ်
Snapdragon 412 ကို အသုံးပြုမယ့် SmartPhone ဟာ64bit အမျိုး အစားChip ဖြစ်ပြီး
Camera မှာ 13MP အထက်အထိ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်
ဒါ့အပြင် HD Video ရိုက်ကူးခြင်း ပြန်လည်ကြည့်ရှုခြင်း အပြင် Quick Charge 2.0 ကို လည်း support ပေးမှာဖြစ်တာကြောင့်
ကောင်းမွန်တဲ့ Chip အမျိုးအစား ဖြစ်ပါတယ်
Snapdragon 212 ကတော့ 32bit အနေနဲ့ ဆက်လက် ထုတ်လုပ်သွားမှာဖြစ်ပြီး Camera 8MP Support ပေးမှာဖြစ်ပါတယ်
Full HD Video ရိုက်ကူးနိုင်ပြီး ပြန်လည်ကြည့်ရှုခြင်းကိုတော့ အတိုင်းအတာ၁ခုကန့်သတ်ထားပါတယ်
အဆိုပါ Chip 2 မျိုး စလုံးဟာ LTE ကို Support ပေးနိုင်တာကြောင့် နောင်လာမယ့် စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်ဖို့
ဈေးကွက်ချဲ့ထွင်သွားမှာဖြစ်ကြောင်း Qualcomm ကပြောကြားသွားခဲ့ပါတယ်
Source : Qualcomm
Aung Khaing (MMAS)
http://www.myanmarmobileapp.com/
The Best Mobile Knowledge Sharing Website in Myanmar !
No comments:
Post a Comment