iCon
zawgyi သို့ မဟုတ် unicode
Sunday, August 9, 2015
Naayak (2013) မြန်မာစာတန်းထိုး 1.1GB
မြန်မာလိုကတော့ ခေါင်းဆောင်တစ်ဦးလို့ နာမည်တွင်ပါတယ် ဒီဇာတ်ကားလေးမှာတော့ ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ ဦးဆောင်မှု အမှန်တရားဘက်မှရပ်တည်မှု အများကောင်းကျိုး သယ်ပိုးဆောင်ရွက်မှုစတဲ့ အရည်အချင်းကောင်းများစွာကို နှစ်ခြိုက်မြတ်နိုးဖွယ် ကြည့်ရှုရမှာဖြစ်မှာပါ
( ဇာတ်လမ်းအကျဉ်း ) ဇာတ်လမ်းအစကတော့ ၀န်ကြီးတစ်ဦးရဲ့ ညီ အသတ်ခံရပုံနဲ့ အစပျိုးထားပါတယ် ၀န်ကြီးကတော့ CBI အရာရှိတစ်ဦးအား လူသတ်တရားခံဖော်ထုတ်ပေးရန် တောင်းဆိုခဲ့သည်။CBI ဟာလည်း တရားခံကို စတင်ရှာဖွေပါတော့တယ် ဒီလို ၀န်ကြီးညီ အသတ်ခံရတဲ့သတင်းကို နံနက်ခင်း ဂျာနယ် တစ်ခုမှာ ချယ်ရီလည်း ဖတ်ရှုလိုက်ရတယ် ချယ်ရီ ဆိုတာ ဆော့ဝဲအင်ဂျင်နီယာ တစ်ယောက်ပါ သူမှာ ဦးလေးတစ်ယောက်ရှိပါတယ် သူ့ဦးလေးနာမည်က ဂျေဘီ သူ့ဦးလေးဟာ ဖူးစာဖက်ရှာဖွေရင်း ဘာဂျီ ဆိုတဲ့ လူဆိုးခေါင်းဆောင်တစ်ဦးရဲ့ လူယုံတော်နဲ့ ပြဿနာ ဖြစ်ခဲ့ပါတယ် ဒါကို ဖြေရှင်းတောင်းပန်ဖို့ ချယ်ရီဟာ ဘာဂျီ ဆီသွားရောက်ခဲ့ပါတယ် ချယ်ရီရဲ့ စကားပြောသွက်လက်မှု မြှောက်ပင့်မှုတွေကြားမှာ ဘာဂျီဟာ ချယ်ရီကို ခင်မင်သွားပါတော့တယ်
ထို့ပြင်မကသေး ချယ်ရီဟာ ဘာဂျီရဲ့ညီမ မတ်ဒူကို တွေ့မြင်ပြီး ချစ်ခင်စုံမက်သွားပါတော့တယ် ထို့နောက်မှာတော့ ဘာဂျီဟာ သူ့အား ခင်မင်ရုံမဟုတ်ဘဲ သူ့ညီမကိုပါ ချိန်ရွယ်လာတဲ့ ချယ်ရီကို ဆုံးမရန် သွားရောက်ခဲ့ပါတယ် ထိုအချိန်မှာတော့ ရဲအုပ်မှူးတစ်ဦးကို သေနတ်ဖြင့် ချောင်းပစ်နေသော ချယ်ရီအား ဘာဂျီ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပါတယ် တစ်ဖက်မှာ CBI ကလည်း ရဲအုပ်မှူးသေဆုံးမှု ၀န်ကြီးညီ သေဆုံးမှူတို့နဲ့ပတ်သက်ပြီး စက်ကွင်းရှာ ရှာဖွေပါတော့တယ် ဘာဂျီ ဟာ လူဆိုးစာရင်းဝင်ဖြစ်တဲ့အတွက် CBI က မေးမြန်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်
ထိုအချိန်မှာတော့ ဘာဂျီ ကပဲ ချယ်ရီ အကြောင်း ဖွင့်ပြောလိုက်မလား မပြောဘဲ ထိမ်ချန်ခဲ့မည်လား ထို့နောက် မည်သို့သော ဇာတ်လမ်းဇာတ်ကွက်မျိုးနဲ့ စိတ်လှုပ်ရှားစေမည် ဆိုတာကလည်း ဇာတ်ရှိန်မြင့်လာရဦးမှာပါ ထို့သို့နှင့် တစ်နေ့မှာတော့ ၀န်ကြီးကိုယ်တိုင် ပွဲတော်တက်သည့် အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့ပါတယ် အဲဒီအချိန်မှာရော ဘာတွေဖြစ်ပျက်လာခဲ့မလဲ ????
ဒီဇာတ်ကားလေးဟာ မြှုပ်ကွက်တွေ တသီနဲ့ ဖန်တီးထားတာကြောင့် မပျင်းရိရအောင် ဆွဲဆောင်မှုပေးနိုင်ခဲ့မှာပါ ဇာတ်လမ်းရဲ့ အတိတ်ကာလ က ဘယ်လိုများ ရှိနေမည်နည်း ချယ်ရီ သတ်ခဲ့တာတွေရော တကယ်ပဲလား ၀န်ကြီးညီ အသတ်ခံရမှုနဲ့ပတ်သက်ပြီး ချယ်ရီနဲ့သက်ဆိုင်မှု ရှိ / မရှိ ချယ်ရီ ကပဲ အထင်မှားခံရသည့်ဖြစ်ရပ်လား ဒါမှမဟုတ် ချယ်ရီသတ်ခဲ့တာလား ၀န်ကြီးရဲ့ညီ နှင့် ရဲအုပ်မှူးအား ချယ်ရီမသတ်လျှင်ကော အခြား လူသတ်သမားရှိနေမည်လား ချယ်ရီရဲ့ အတိတ်အကြောင်းတွေကရော ??? ဘာဂျီညီမ မတ်ဒူနဲ့ ချယ်ရီတို့ရဲ့ အချစ်ရေးကရော ဖြောင့်ဖြူးပါ့မလား စတဲ့ အတွေးပေါင်းများစွာရဲ့ ဖမ်းညှို့ခြင်းခံရမယ့် ဇာတ်ကားတစ်ကားပါ ဒါကြောင့်မို့ ဒီဇာတ်ကားလေးကို ကြည့်ရှုကြပါဦးလို့ လက်တို့ပြောလိုက်ပါတော့သည်။
channelmyanmar.com
Labels:
Movies
Subscribe to:
Post Comments (Atom)
No comments:
Post a Comment