မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ မန်နေဂျာ Louis Van Gaal ရဲ့ ကစား
ကွက် ပြောင်း မှုကြောင့် တိုက်စစ်မှူးကောင်း တစ်ယောက်ဖြစ်တဲ့ Robin Van Persie ကို ရောင်း ထုတ်တော့ မှာ ဖြစ် ပါတယ်။
မန်နေဂျာ Louis Van Gaal ကတော့ သူ့ရဲ့ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူး ကို ဖယ်ထုတ်ဖို့ ကြိုး စားနေပါပြီ။ Robin Van Persie နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တို့ကြားက သဘောတူ စာချုပ်ဟာ နောက် ၁၂ လ ဆို ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း ဘက် ထပ်မံ ကမ်းလှမ်းတာမျိုး မရှိသေးပါဘူး။
Louis Van Gaal ကတော့ Robin Van Persie နေရာမှာ အစားထိုးမယ့် ကစားသမား အဖြစ် PSG အသင်းမှ တိုက် စစ်မှုး Edinson Cavani ကို ကမ်းလှမ်း ဖို့ ပြင် ဆင်နေ ပါပြီ။
Robin Van Persie
ဟာ ရာထူး မှ နှုတ် ထွက် လိုက်ရတဲ့ အသင်းရဲ့ မန်နေဂျာ ဟောင်း David Moyes
လက်ထပ်မှာ အသင်း အတွက် ၁၈ ဂိုး သွင်းပေးနိုင် ခဲ့ပေမယ့် Louis Van Gaal
လက်ထက် မှာတော့ ဒဏ်ရာကြောင့် နားနေခဲ့ရတာ ၆ လ ခန့် ရှိနေ ပါပြီ။
တစ်ကယ်တော့ Loius Van Gaal နဲ့ Robin Van Persie တို့ဟာ
ဟော်လန် လက်ရွေးစင် အသင်း မှာ တုန်းက အရမ်း ရင်းနှီး ကြတဲ့ နည်းပြနဲ့
ကပ္ပတိန် တွေဖြစ် ခဲ့ကြပေမယ့်လည်း လက်ရှိ အခြေ အနေ မှာတော့ အသင်းအတွက်
မိတ်ဆွေဟောင်း ကို ရောင်း ထုတ်ဖို့ Louis Van Gaal တစ်ယောက် စဉ်း
စားနေပါပြီ။
Credit : http://www.mirror.co.uk/sport/football/transfer-news
No comments:
Post a Comment