iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, August 18, 2015

ဒီဇိုင်းပိုင်းကို အသားပေးတဲ့ Samsung Gear S2

Samsung ဟာ တောက်လျှောက် လေးထောင့် ဆန်ဆန် နာရီတွေ ထုတ်လာပေမယ့် ဒီတစ်ခါတော့ ဝိုင်းသွားပါပြီ။ Tizen OS ကို အသုံးပြုထားတဲ့ Samsung Gear S2 ကို လာမယ့် စက်တင်ဘာလ ၃ ရက်နေ့ကျရင် ဘာလင် IFA မှာ ပြသမှာ ဖြစ်ပါတယ်။
Tizen OS ကို သုံးတာ ဖြစ်တာကြောင့် Android Watch စာရင်းထဲကို ထည့်လို့ မရတော့ ပါဘူး။ အဓိကအားဖြင့် Samsung ဖုန်းတွေနဲ့ပဲ ပိုမို ချိတ်သုံးလို့ ရမယ့် နာရီ တစ်မျိုး အဖြစ် တည်ရှိပါလိမ့်မယ်။ သူ့ အနေနဲ့ ဘယ် Android နဲ့ ရအောင် ဖန်တီးပေးပါလိမ့်မယ်။ ပုံစံအရ ကြည့်ရတာတော့ မိုက်ပါတယ်။ အဖြူရောင်၊ တိုက်တေနီယမ်၊ အနက်ရောင် အပြင် အခြားသော အရောင်များလည်း ရှိပါတယ်။ The next is round ဆိုတဲ့ အမည်နဲ့ marketing campaign များ စတင်နေပြီ ဖြစ်ပြီး တော်တော်များများ သိနေကြပါပြီ။ အတွင်းမှာ ပါမယ့် Spec အသေးစိတ်တော့ မသိရသေး ပါဘူး။
ဒီဇိုင်းပိုင်းမှာတော့ အတော်လေး လှတဲ့ နာရီ တစ်လုံး အဖြစ် ထွက်ရှိလာမှာ ဖြစ်ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)

No comments:

Post a Comment