ကမ္ဘာ့ထိပ်သီး လုံခြုံရေးအထူးအဆင့်မြင့် ဂိမ်း server ကြီး အဟတ်ခံရပြီလား?
ထိုသို့သော မေးခွန်းဟာ လူသန်းပေါင်းများစွာမှ အခွန်းပေါင်းများစွာသည်
social network များ ပေါ်မှာတမျိုး၊ COC လူမှုဆက်ဆံရေးနယ်ပယ်ထဲမှာ တဖုံ
အဆက်မပြတ် ပေါ်ထွက်လာခဲ့တယ်။ server က error တက်တာလား? Hack ခံထိတာလား?
အတိအကျတော့ မသိရပါ။ အဲဒီကိစ္စဟာ COC လောကကို အပြင်းအထန် ရိုက်ခတ်သွားပါတယ်။
အချိန်၊ ငွေကြေး၊ လူမှုရေး၊ ကျန်းမာရေး၊ တိုးတက်ရေးများစွာ ရင်းနှီးထားရသော
COC player များအတွက် လက်မခံနိုင်စရာ ကိစ္စရပ်တစ်ခုပါ။ COC serve
r
ကြီး ထိုးဖောက်ဝင်ရောက်ခံရပြီး
ပြန်လည်ထိန်းချုပ်ပြုပြင်မှုမျိုးမလုပ်နိုင်ခဲ့သော်ဆို၍ COC player များ
အလွန်စိုးရိမ်သွားခဲ့ရပါတယ်။ ထိုသို့ War မှာ Giant, Hog ထောင်ချီ၊
သောင်းချီနဲ့ att လုပ်ခဲ့တဲ့ OBIDKHAN ဆိုတဲ့ village ကို အပြီး
ဘန်းလိုက်ပြီလို့ သိရပါတယ်။ ရွှေမြန်မာ COC player များမှလည်း Super Cell
ကို ဝန်းရံတဲ့အနေနဲ့ Clan busyers နဲ့ UZBek clan နှစ်ခုလုံးကို
တက်သိမ်းထားလိုက်ပါပြီ။ ရွှေမြန်မာ COC player များမှ အဆိုပါ clan နှစ်ခုရဲ့
village တွေရဲ့ မသင်္ကာဖွယ်အရိပ်အယောင်တွေကို စောင့်ကြည့်လျက်ရှိနေပြီး
နောက်ကွယ်မှလည်း စုံစမ်းစစ်ဆေးမှုလုပ်နေပါတယ်။ Super Cell မှလည်း
ရွှေမြန်မာများကို အားကိုးတကြီးရှိနေကာ ကာချုပ်ကြီးထံသို့ပင်
အကူအညီတောင်းခံလွှာ ပေးပို့ထားတယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့
တည်ငြိမ်ဖွယ်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပါပြီ။ COC ဟာ ပုံမှန်အတိုင်း
လည်ပတ်နေပါပြီ။ ကျေးဇူးပါ။ ကျနော် Mg Yarzar ပါ။
No comments:
Post a Comment