iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, August 21, 2015

ဘိုင်ယန် အသင်းက Thomas Muller ကို တစ်လလုပ်အားခ ပေါင် ၁ သန်း ပေးမယ်လို့ မန်ယူ စည်းရုံး



ဘိုင်ယန် မြူးနစ် ကစားသမား Thomas Muller ဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တစ်လကို လုပ်အားခ စတာလင်ပေါင် ၁ သန်း ပေးမယ်ဆိုတဲ့ မဲဆွယ် စည်းရုံးခြင်း ခံထားရတယ်လို့ သိရပါတယ်။

မန်ယူ အသင်းဟာ ဘာစီလိုနာ ကစားသမား Pedro ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း ချဲလ်ဆီး အသင်းက လက်ဦးမှု ရရှိသွားခဲ့တဲ့အတွက် ဂျာမနီ နိုင်ငံလက်ရွေးစင် ကစားသမား Muller ဟာ Louis Van Gaal ရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ရပါတယ်။ ဟော်လန်နိုင်ငံသား Van Gaal ကလည်း သူ့အသင်းရဲ့ ကစားကွက်မှာ လိုအပ်နေတဲ့ တိုက်စစ်မှုး နေရာအတွက် အပြောင်းအရွှေ့ကာလ မပြီးဆုံးခင်မှာ အသည်းအသန် ရှာဖွေနေရတာပဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အသက် ၂၅ နှစ် သာ ရှိသေးတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှုး အတွက် စတာလင်ပေါင် ၅၉.၈ သန်း နဲ့ ကမ်းလှမ်းထားပြီး ဘိုင်ယန်မြူးနစ် အနေနဲ့လည်း နောက်တစ်ကြိမ်တော့ ငြင်းပယ်လိုစိတ် ရှိမှာ မဟုတ်ပါဘူး။

DailyStar သတင်းဌာန ရဲ့ ဖော်ပြချက်အရလည်း မန်ချက်စတာယူနိုက်တက် အသင်းဟာ Muller အတွက် တစ်ပတ်ကို လုပ်အားခ စတာလင်ပေါင် ၂ သိန်းခွဲ နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ထို ကမ်းလှမ်းမှုကပဲ Muller ကို Allianz Arena ကွင်းကြီးကို စွန့်ခွာပြီး အိုးထရက်ဖို့ဒ် မှာ ပြောင်းရွှေ့ခြေချဖို့ ဖြစ်လာစေခဲ့တာပါ။

သတင်းဖော်ပြချက်တွေအရ Muller ကလည်း ပြောင်းရွှေ့ဖို့ကို စိတ်ဝင်စားနေပြီး မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကမ်းလှမ်းမှုဟာ Muller ရဲ့ ဘိုင်ယန်မြူးနစ် အသင်းကို ထွက်ခွာခွင့် တောင်းခြင်းနဲ့ အောင်မြင်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

( Mario )

No comments:

Post a Comment