iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, August 11, 2015

အမြင်တစ်မျိုးနဲ့ သစ်ဆန်းစေမဲ့ TTROT

Social Application တွေများစွာ ရှိနေတဲ့အထဲကမှ အများနဲ့မတူပဲ အသွင်သစ်နဲ့ ထွက်ရှိလာတဲ့ application ကတော့ TTROT ဖြစ်ပါတယ်။ တစ်ယောက်နဲ့ အပြန်အလှန်ဆက်သွယ်စကားပြောနိုင်ခြင်းများကိုပျော်ရွှင်စွာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ TTROT ရဲ့ ထူးခြားချက်ကတော့ မိမိနိုင်ငံအတွင်းမှာတင်မဟုတ်ပဲ အခြားနိုင်ငံများတွင်ရှိနေသည့် မိတ်ဆွေအသစ်များ၊ မိမိအိမ်နီးခြင်းနိုင်ငံများမှာ ရှိတဲ့ သူငယ်ချင်းအသစ်များကို ရှာဖွေဆက်သွယ်နိုင်ပါတယ်။

 မိမိရှာဖွေလိုတဲ့ သူငယ်ချင်းတွေကို ဖော်ပြပေးမဲ့ ပုံစံကတော့ ကျား၊ မ ခွဲခြားဖော်ပြပေးမှာဖြစ်သလို တည်နေရာနဲ့တွဲပြီးဖော်ပြပေးမှာဖြစ်ပါတယ်။ မိမိရှာဖွေလိုက်တဲ့ မိတ်ဆွေသူငယ်ချင်းများကို တည်နေရာ ၊ ကျား ၊ မ ရွေးချယ်ပြီး ရှာဖွေလိုက်တဲ့အခါ ဓါတ်ပုံနှစ်ပုံကို တွဲပြီးဖော်ပြပေးမှာဖြစ်သလို မိမိကြိုက်နှစ်သက်သူကို ရွေးချယ်ကာ သူငယ်ချင်းအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။
TTROT Application ကို အသုံးပြုတဲ့ ပုံစံက ကောက်တေးလ် ပါတီတစ်ခုမှာ သူငယ်ချင်းအသစ်တွေနဲ့ ဝိုင်းဖွဲ့စကားပြောနေသလို ဆင်တူနေ ပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့နေရာ အနံ့အပြားမှာရှိနေတဲ့ မိတ်ဆွေအသစ်တွေရချင်တယ်ဆိုရင်တော့ TTROT ကို သုံးကြည့်ပါလို့ ကြေငြာထားပါတယ်။ TTROT ကိုအသုံးပြုလိုတဲ့ သူတို့အနေနဲ့ Google Play Store မှာ သွားရောက် Download ပြုလုပ်နိုင်ပါတယ်။  Download Here >>> https://goo.gl/Yt9BnY
Ref : TTORT (Android)
Aung Ko Htet (MMAS)

No comments:

Post a Comment