iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, August 21, 2015

Website Version ထွက်လာတဲ့ Google Hangout

မကြာသေးခင်ကမှ Version အသစ်ထုတ်ပြီး အသုံးပြုသူတွေကို ဝန်ဆောင်မှု အသစ်တွေပေးခဲ့တဲ့ Google Hangout ဟာ အခုဆိုရင် Website မှာပါ ဆက်သွယ်စကားပြောဆိုနိုင်ပါပြီ။ Google Hangout ဟာ Mobile Application တွေမှာ ပါဝင်တဲ့ Feature တွေအတိုင်းပဲ Website မှာလည်း ထည့်သွင်းပေးထားပါတယ်။ ဒါပေမဲ့  မိမိရဲ့ Friend List ကို Website Interface ရဲ့ ဘယ်ဘက်မှာ ဖော်ပြပေးမှာဖြစ်ပြီး ဗီဒီယို Chat ခြင်း ၊ အသံဖြင့် Chat ခြင်းနဲ့ မက်ဆေ့စ် စာသားများပို့ခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Hangout Website ရဲ့ ထူးခြားချက်ဖြစ်တဲ့ နောက်ခံ Background ပုံများ သူ့အလိုအလျောက်ပြောင်းလဲခြင်းနဲ့ User တွေကို ဆွဲဆောင်ထားပါတယ်။ Website ရှိလာတဲ့အတွက်ကြောင့် ကြည်လင်စွာစကားပြောဆိုနိုင်ခြင်း ၊ မက်ဆေ့ခ်ျ ပို့ခြင်းတို့ကို လျင်မြန် တွင်ကျယ်စွာပို့နိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် Google Hangout ကို Chrome Extension နဲ့ Chrome Desktop Application တွေမှာ လည်း အသုံးပြုနိုင်ပါတယ်။
Google Hangout ကို Website ကို အသုံးပြုချင်တယ်ဆိုရင်တော့ ဘာ account မှ Create ထပ်လုပ်စရာ မလိုပဲ မိမိရဲ့ Gmail သို့မဟုတ် Google + တို့နဲ့ပဲ အသုံးပြုနိုင်ပါတယ်။ Google Hangout Website ကို အသုံးပြုလိုပါက အောက်က link ကနေ သွားရောက် အသုံးပြုနိုင်ပါတယ်။
https://hangouts.google.com/
Ref : Google+
Aung Ko Htet (MMAS)

No comments:

Post a Comment