iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, August 21, 2015

WhatsApp ကို ကွန်ပြူတာပေါ်မှာ သုံးမယ်

WhatsApp ကို ကို ကွန်ပြူတာ Web ပေါ်မှာ သုံးလို့ရအောင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက မိတ်ဆက်ခဲ့တာပါ။ ဒါပေမယ့် Android, Blackberry တို့ အတွက်သာ ပါပြီး iPhone သုံးတဲ့ iOS သမားများအတွက် မပါဝင်ခဲ့ ပါဘူး။ အခုတော့ ပါလာပါပြီ။ ဒီရက်ပိုင်းလေးတင်ပဲ အိုင်ဖုန်းနဲ့ WhatsApp သုံးသမား များအတွက် Web ပေါ်မှာ သုံးလို့ရအောင် လုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
WhatsApp ဟာ Facebook က ပိုင်ဆိုင်တဲ့ Messaging platform တစ်ခု ဖြစ်ပါတယ်။ Facebook ကနေပြီးတော့ ဝယ်ယူခဲ့တာပါ။ Viber က Desktop App ထုတ်ထားသလိုပဲ WhatsApp ဟာ Web ဘက်ကို အရင်စပါတယ်။ နောက်တော့ Desktop App လည်း ထွက်လာနိုင်ချေ ရှိပါတယ်။ Slack လိုမျိုး လူသုံးများလာတဲ့ Mobile နဲ့ Desktop App တို့နဲ့ ယှဉ်ဖို့လည်း ဖြစ်နိုင်ပါတယ်။ မြန်မာပြည်မှာ လက်ရှိ လူသုံးအများဆုံးကတော့ Viber ဖြစ်ပါတယ်။ ဒါပေမယ့် ယခု နောက်ပိုင်း Line ရဲ့ user တဖြည်းဖြည်း တိုးတက်လာနေပြီး WeChat အပြင် အခြားသော App များစွာလည်း ဈေးကွက်ချဲ့ထွင်လာနေပြီ ဖြစ်ပါတယ်။
အကယ်၍ WhatsApp ကို Desktop Web မှာ သုံးချင်ရင် https://web.whatsapp.com/ သို့ သွားနိုင် ပါတယ်။ သုံးရန် အဆင့်ဆင့်ကတော့ လွယ်ပါတယ်။ မိမိရဲ့ ဖုန်းမှာ ရှိတဲ့ WhatsApp ရဲ့ Setting ထဲကို သွားပါ။ Setting ထဲကနေ Use WhatsApp Web ဆိုတာကို နှိပ်လိုက်ရင် ကင်မရာ ပွင့်သွားပါလိမ့်မယ်။ အထက်မှာ ပေးထားတဲ့ web.whataspp.com ကို ဝင်လိုက်ပြီးရင် QR code ပေါ်နေတာကြောင့် အဲ့နေရာကို ချိန်ရိုက်လိုက်ရင် WhatsApp Web ကို ဘာမှ sign in လုပ်စရာမလိုပဲ သုံးလို့ရပါပြီ။ အလိုအလျောက် sign in ဖြစ်သွားလို့ ဖြစ်ပါတယ်။
.
အောင်ခမ်း (MMAS)

No comments:

Post a Comment