Hisense ဆိုတာက မြန်မာနိုင်ငံဈေးကွက်မှာတော့ အတော်အသင့် နေရာယူထားတဲ့
စမတ်ဖုန်း တစ်မျိုးပါ ။ စမတ်ဖုန်းအပြင် လူသုံးကုန် ပစ္စည်းတွေထုတ်လုပ်နေတဲ့
တရုတ် အခြေစိုက် နည်းပညာ Company တစ်ခုဖြစ်ပါတယ်
သာမန် တန်ဖိုးနည်း စမတ်ဖုန်းတွေကို ထုတ်လုပ်လေ့ရှိတဲ့ Hisense ဟာ
ဒီတစ်ခါမှာတော့ ကောင်းမွန်ပြည့်စုံတဲ့ tablet ကို IFA 2015 မှာ မိတ်ဆက်ဖို့ ထုတ်ပြန်လိုက်ပါပြီ
အဆိုပါ Tablet ကိုတော့ Magic Mirror Tablet လို့ ခေါ်ဆိုပြီး ကျဉ်းမြောင်းတဲ့ ဘေးဘောင်
ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်မှာ 360 ppi ထိပါဝင်မှာဖြစ်ပါတယ်

Magic Mirror Tablet ရဲ့ Display ဟာ 8.4 inch ရှိမျာဖြစ်ပြီး
2560 x 1600 resolution နဲ့ ပြသပေးနိုင်မှာဖြစ်လို့ ရွေးချယ်ဝယ်ယူသင့်တဲ့ Tablet စာရင်းထဲမှာတော့
ထည့်သွင်းထားသင့်ပါတယ် ကြီးမားကောင်းမွန်တဲ့ Resolution ကို ထိန်းချုပ် ထားဖို့
Rockchip RK3288 processor ကို အသုံးပြု မောင်းနှင်ပေးထားပြီး RAM ကို 2GB ထည့်သွင်းပေးထားပါတယ်
အဆိုပါ Hisense Tablet မှာတော့ အတွင်း Memory သိုလှောင်မှုအနေနဲ့ 32GB ထည့်သွင်းပေးထားပါတယ်
ဒါ့အပြင် အသံပိုင်းဆိုင်ရာ မှာလည်း Dolby Surround ကို အသုံးပြုထားတာကြောင့်
စိတ်ကျေနပ်မှု ကို အကောင်းဆုံး ရရှိနိုင်စေမှာပါ

ဘေးဘောင်တွေဟာ ပါးလွှာပြီး အတွင်းပိုင်းကို စောင်းသွားတဲ့ ပုံစံနဲ့ ထုတ်လုပ်ထားတာကြောင့်
ကိုင်တွယ်ရာမှာ လွယ်ကူပြီး ထိထိမိမိ ကိုင်တွယ်နိုင်မှာလည်း ဖြစ်ပါတယ်
Hisense ရဲ့ ကိုယ်ပိုင် UI ကို အသုံးပြုထွက်ရှိလာမှာဖြစ်ပြီး Android version 5.0 နဲ့ အထက်
ကို အသုံးပြုထားမယ်လို့လည်း ပြောထားပါတယ်
IFA 2015 မှာ စတင်မိတ်ဆက်ထားပေမယ့်လည်း တရုတ်နိုင်ငံ JingDong Mall မှာတော့ ¥1,799 ($280 USD) နဲ့
ရောင်းချနေပြီဖြစ်တာကြောင့် ဈေးနှုန်ုးချိုသာပြီး စွမ်းဆောင်ရည် ကောင်းမွန်တဲ့
tablet ကိုင်ဆောင်ချင်သူတွေအတွက် Hisense ရဲ့ Magic Mirror ဟာ ရွေးချယ်စရာ Model
ထဲမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ Tablet တလုံးဖြစ်တယ်ဆိုတာ တင်ပြလိုက်ရပါတယ်
ပိုပြီး အသေးစိတ်သိရှိလိုပါက ဒီမှာနှိပ်ပါ
Source – Jing Dong
Aung Khaing (MMAS)
No comments:
Post a Comment