iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, September 5, 2015

4K IMAC ကို အောက်တိုဘာလတွင် ဖြန့်ချိရန် APPLE စီစဉ်နေ



Apple သည် 4K display ပါဝင်သော ၂၁.၅ လက်မ iMac ဗားရှင်းသစ်ကို ယခုနှစ်ကုန်ပိုင်းတွင် ဖြန့်ချိရန် စီစဉ်နေကြောင်း 9to5Mac ၏ ယုံကြည်အားထားရသော ရင်းမြစ်များ၏ အဆိုအရ သိရသည်။

အဆိုပါ iMac ကို OS X El Capitan နှင့်အတူ အောက်တိုဘာလကုန်တွင် မိတ်ဆက်ရန်နှင့် နိုဝင်ဘာလအစတွင် တင်ပို့ရောင်းချရန် Apple မှ စီစဉ်ထားသည်။

OS X ဗားရှင်းသစ် El Capitan တွင် ပါဝင်သော code အချို့အရ ၂၁.၅ လက်မ iMac ၏ 4K display သစ်ကို 4096 x 2304 resolution ဖြင့် အသုံးပြုနိုင်မည်ဟု သိရသည်။

Apple သည် ၂၇ လက်မ display ပါဝင်သော 5K iMac ကို ပြီးခဲ့သည့် အောက်တိုဘာလက မိတ်ဆက်ပေးခဲ့သည်။ လက်ရှိ ၂၁.၅ လက်မ iMac မှာ 1920 x 1080 resolution ဖြစ်သည်။

Ref: 9to5Mac
Credit  internetjournal

No comments:

Post a Comment