iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, September 21, 2015

Apple ရဲ့ မောင်းသူမဲ့ကား အပြင်မှာ စမ်းသပ်တော့မည်

Apple အနေနဲ့ မော်တော်ယာဉ်ထုတ်လုပ်ဖို့ စိတ်ကူးတာ Steve Job ရှိစဉ် ချိန်ကာကတည်းက ဖြစ်ပါတယ်။ ယင်းအချိန်ခါတုန်းက သတင်းထွက်ပြီးနောက် အင်ဂျင်နီယာ၊ ဒီဇိုင်နာများ အနေနဲ့ Apple Car concept ကို စိတ်ကူးအမျိုးမျိုး နဲ့ တီထွင်ဖန်တီးခဲ့ကြ ပါတယ်။ ယခုတော့ ယင်းနဲ့ ပက်သက်လို့ တရားဝင် သတင်း အချို့ထွက်ရှိလာပါပြီ။ ယင်းကတော့ Apple ဟာ ၎င်းတို့ရဲ့ မောင်းသူမဲ့ ကားကို အပြင်လမ်းမတွေပေါ်မှာ လက်တွေ့စမ်းသပ်တော့မှာ ဖြစ်ပါတယ်။
ယင်း မောင်းသူမဲ့ကား ပရောဂျက်ကို Project Titan လို့ အမည်ပေးထား ပါတယ်။ Steve Job ရှိစဉ်ခါကတည်းက ပြုလုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေခြင်း ဖြစ်ပါတယ်။ ပြုလုပ်မှုကို Telsa အမည်ရ လျှပ်စစ်ကား ထုတ်လုပ်တဲ့ ကုမ္ဗဏီနဲ့ ပူးပေါင်းဖန်တီးနေမှု ဖြစ်ပြီး လျှို့ဝှက် သုတေသန ဌာနကိုလည်း Telsa နဲ့အတူ ပြုလုပ်ထားကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ Apple သာ ကားထုတ်ရင် ၎င်းတို့ရဲ့ ပါတနာ ကုမ္ဗဏီဟာ Telsa ဖြစ်နိုင်ချေ ရှိကြောင်း မှတ်ချက်ပေးထားပါတယ်။ ယင်းဟာ Google အနေနဲ့ Nexus စမတ်ဖုန်း ထုတ်တဲ့ business model နဲ့ တူလေမလားလို့တောင် မေးခွန်းထုတ်လျက် ရှိပါတယ်။ hardware အတွက် vendor ကို အခြား ကုမ္ဗဏီတစ်ခုအား အားကိုးခြင်း ဖြစ်ပါတယ်။
ကားဟာ လုံးဝ လူမောင်းနှင်စရာ မလိုပဲ အလိုအလျောက် မောင်းနှင်ပေးမယ့်ကား ဖြစ်ပါတယ်။ သုတေသန ကွင်းထဲမှာ မောင်းနှင်စမ်းသပ်မှု အောင်မြင်ပြီးနောက် လက်တွေ့အပြင်မှာ စမ်းသပ်ဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က အပီအပြင် ဆွေးနွေးခဲ့ကြကြောင်း ဆိုပါတယ်။ Apple အနေနဲ့ မောင်းသူမဲ့ကား ပရောဂျက်အတွက် အင်ဂျင်နီယာနဲ့ ပညာရှင် ဝန်ထမ်းအင်အားများလည်း ထပ်ဖြည့်နေကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMA)

No comments:

Post a Comment