iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, September 23, 2015

အလုပ်ရဲ့ဖိအားတွေကြောင့် ဇနီးသည်နဲ့ ကွာရှင်းတော့မယ့် Arsene Wenger



အာဆင်နယ် အသင်းရဲ့ မန်နေဂျာကြီး Arsene Wenger ဟာ သူ့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေ လပေါင်းများစွာ ဆက်တိုက် ထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ ဇနီးနဲ့ ကွာရှင်းလိုက်ပြီဖြစ်တယ်လို့ သတင်းတွေက အခိုင်အမာ ဆိုလိုက်ပါတယ်။

ဂန်းနားတို့ရဲ့ ပဲ့ကိုင်ရှင်ကြီး Arsene Wenger နဲ့ သူ့ရဲ့ နှစ်ရှည်လာများတွဲလာတဲ့ ချစ်သူ Annie တို့ဟာ ငွေကြေးအရ ပိုင်ဆိုင်မှုတွေ ခွဲဝေယူဖို့အတွက်လည်း သဘောတူညီမှု ရရှိပြီးဖြစ်ပါတယ်။

အသက် ၆၅ နှစ်ရှိနေပြီဖြစ်တဲ့ Arsene Wenger နဲ့ အသက် ၅၉ နှစ်ရှိနေပြီဖြစ်တဲ့ ဇနီးသည် Annie တို့မှာ အသက် ၁၈ နှစ်အရွယ် သမီးလေးတစ်ယောက်လည်းရှိနေပြီး သူတို့ ဇနီးမောင်နှံဟာ ၂၀၁၃ ခုနှစ်ကတည်းက အတူတကွ ဓါတ်ပုံအရိုက်ခံခြင်း မရှိတော့တာပါ။

အရင်တုန်းကလည်း Wenger က ၀န်ခံခဲ့ဖူးတာက သူ့ရဲ့ ဖိအားများလှတဲ့ လန်ဒန် အခြေစိုက် အာဆင်နယ် ကလပ် အသင်းရဲ့ အလုပ်တာဝန်တွေဟာ သူ့ရဲ့ အိမ်ထောင်ရေးအပေါ်မှာလည်း ဖိအားတွေ ဖြစ်လာစေခဲ့တယ် ဆိုတာပါပဲ။ သူတို့ ၂ ယောက်ဟာ Wenger ရဲ့ မွေးရပ်မြေဖြစ်တဲ့ ပြင်သစ်နိုင်ငံ ၊ Strasbourg  မြို့မှာ ကွာရှင်းဖို့အတွက် လုပ်ဆောင်မှာ ဖြစ်ပြီး သူတို့ ၂ ယောက်ဟာ ဒီနှစ် ဇွန်လမှာကတည်းက အတူတကွ နေထိုင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။

Arsene Wenger နဲ့ ဇနီးသည် Annie တို့ဟာ နှစ်ရှည်လများ တွဲလာပြီးတဲ့နောက် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)

No comments:

Post a Comment