iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, September 23, 2015

အမျိုးသား သုတ်ရည်လှူဒါန်းလျှင် နောက်ဆုံးပေါ် အိုင်ဖုန်းရနိုင်

တရုတ်ပြည်ရှိ မျိုးဆက်ပွားများထိန်းသိမ်းရေး ဆိုင်ရာ ဆေးရုံတစ်ခုမှာ အမျိုးသား သုတ်ရည် အလှူခံတဲ့ ကြော်ငြာ တစ်ခုမှာ Sperm ကို လှူဒါန်းခြင်းဖြင့် iPhone 6S ဝယ်ယူရရှိနိုင်မည် ဖြစ်ကြောင်း slogan ကို အသုံးပြုထား ပါတယ်။
ဒါပေမယ့် လှူဒါန်းရမယ့် ပမာဏကတော့ မနည်ါးပဘူး။ 40 ml (၄၀ မီလီလီတာ) ဖြစ်ပါတယ်။ ယင်းပမာဏကို လှူဒါန်းနိုင်တဲ့ အမျိုသား ဦးရေဟာ ယင်း စင်တာမှာ တစ်နှစ်ပတ်လုံးမှ လူ ၁၀၀ ဝန်းကျင်ပဲ ရှိပါတယ်။ ၂၀၁၁ ခုနှစ်ကစလို့ လှူဒါန်းသူ အလှူရှင်တိုင်းကို 40ml ပြည့်အောင်လှူနိုင်ရင် ယွမ်ငွေ ၄၀၀၀ ကနေ ၅၀၀၀ အထိ ပေး ပါတယ်။ ယခုတော့ ယွမ်ငွေ ၅၀၀၀ ပေးမှာ ဖြစ်ကြောင်း ကြော်ငြာ ပါတယ်။ ယင်းငွေဟာ အမေရိကန်ဒေါ်လာအားဖြင့် တွက်ရင် ၇၈၅ ဒေါ်လာ ဖြစ်ပါတယ်။ ယင်း ငွေပမာဏဟာ လက်ရှိ အသစ်ထွက်တဲ့ အိုင်ဖုန်းကို ဝယ်ယူလို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။
ယင်းကြော်ငြာကို တရုတ်ပြည်ရှိ အင်တာနက် ကွန်ရက် အချို့မှာတော့ ကြော်ငြာခွင့် ပိတ်ပင်ထားပါတယ်။ သို့ပေမယ့် ယင်း သတင်းကတော့ တော်တော်လေးလေးကို နာမည်ကြီးနေပြီ ဖြစ်ပါတယ်။
.
Ref: cctvnews
အောင်ခမ်း (MMA)

No comments:

Post a Comment