iCon
zawgyi သို့ မဟုတ် unicode
Monday, September 7, 2015
မန်ယူ ဘောလုံးအကယ်ဒမီ ဟာ ပရော်ဖက်ရှင်နယ် ကစားသမား အများဆုံး မွေးထုတ်ပေးနိုင်ခဲ့
ပရီးမီးယားလိဂ် ထိပ်တန်း အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ဟာ ကစားသမား တွေ ခေါ်ယူတဲ့နေရာမှာ ငွေကြေး အမြောက်အများ သုံးစွဲခဲ့ပေမယ့် အသင်းရဲ့ လူငယ်စီမံကိန်း ကိုတော့ မရပ်တန့်ခဲ့ပါဘူး။
သရဲနီတွေရဲ့ လူငယ်ဘောလုံးသင်တန်းကျောင်းဟာ ၂၀၁၀-၁၁ ဘောလုံးရာသီကစတင်ပြီး အခြားကလပ်တွေထက် ပရီးမီးယားလိဂ် ကစားသမား တွေမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဆိုရင် မန်ချက်စတာယူနိုက်တက် ဘောလုံး အကယ်ဒမီ ကျောင်းကနေ မွေးထုတ်ပေးလိုက်တဲ့ လူငယ် ၁၄ ယောက်ဟာ ပရီးမီးယားလိဂ် ပထမဦးစားပေး အသင်းတွေမှာ ကစားနေရပါပြီ။
ဝတ်ဖို့ဒ် အသင်းရဲ့ ဘောလုံးအကယ်ဒမီကတော့ ပရော်ဖက်ရှင်နယ် ကစားသမား ၁၂ ယောက်တိတိ မွေးထုတ်ပေးနိုင်ခဲ့ပြီး အက်စတွန်ဗီလာ နဲ့ ဆောက်သမ်ပတန် တို့ရဲ့ ဘောလုံး အကယ်ဒမီ ကျောင်းကတော့ ၁၁ ယောက်စီ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ထိပ်တန်း အသင်းတွေဖြစ်တဲ့ မန်ချက်စတာ စီးတီး နဲ့ ချဲလ်ဆီး တို့ရဲ့ ဘောလုံး အကယ်ဒမီ ကျောင်းတွေကတော့ ကစားသမား ၆ ယောက်စီ မွေးထုတ်ပေးပြီး ဖြစ်ပါတယ်။ မန်ယူ အသင်းရဲ့ ဘောလုံး အကယ်ဒမီ ကျောင်းဟာ ပရော်ဖက်ရှင် ကစားသမား အရေအတွက် အများဆုံး မွေးထုတ်ပေးနိုင်ခဲ့ပေမယ့် အက်စတွန်ဗီလာ အသင်းရဲ့ ဘောလုံးအကယ်ဒမီ ကျောင်းက မွေးထုတ်ပေးတဲ့ ကစားသမား တွေဟာ ကစားခဲ့တဲ့ ပွဲအရေအတွက် အများဆုံး ဖြစ်နေပါတယ်။
အက်စတွန်ဗီလာ ဘောလုံး အကယ်ဒမီ က မွေးထုတ်ပေးလိုက်တဲ့ ကစားသမား တွေဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ပွဲ ၀န်းကျင်ခန့်စီ ကစားပြီး ဖြစ်တယ်လို့ သိရပါတယ်။
( Mario )
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment