iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, September 23, 2015

အမေရိကန်မေဂျာလိဂ်က လစာအကောင်းဆုံးကစားသမား ၁၀ဦး စာရင်းကိုထုတ်ပြန်



အမေရိကန်မေဂျာလိဂ်ဟာ ကစားသမားတွေရဲ့ လစာစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

ဒီနှစ်မှာတော့ မေဂျာလိဂ်ကို ဥရောပကလပ်အသင်းတွေရဲ့ ဂန္တဝင်ကစားသမားတွေဖြစ်တဲ့  Pirlo , Steven Gerrard နဲ့ Didier Drogba တို့ ရောက်ရှိလာခဲ့ကြပြီး အမေရိကန်မေဂျာလိဂ်ဟာ ပိုမိုအသက်ဝင်လာခဲ့တာပါ။အဲ့လို ပုံရိပ်ကြီးကစားသမားတွေကိုလည်း လစာငွေတွေ အမြောက်အမြားပေးချေနေရပါတယ်။

ယခုလက်ရှိထုတ်ပြန်ထားတဲ့ လစာအကောင်းဆုံးကစားသမားနေရာမှာတော့  Ballon d'Or ဆုပိုင်ရှင် Kaka က တစ်နှစ်ကို ပေါင် ၄.၃ သန်းနဲ့ ဦးဆောင်နေပြီ့း လီဗာပူးလ်သူရဲကောင်း Steven Gerrard က ၄.၀၄ သန်းနဲ့  ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ တတိယနေရာမှာတော့ Frank Lampard က ၃.၉၁ သန်း နဲ့ ဦးဆောင်နေခဲ့တာပဲဖြစ်ပါတယ်။

စတုတ္ထနေရာမှာတော့ ရိုးမားကစားသမား Michael Bradley က တစ်နှစ်ကို  ပေါင် ၃.၉၁ သန်းနဲ့ပဲ ရပ်တည်နေပါတယ်။ စပိန်နာမည်ကျော်တိုက်စစ်မှူး David Villa ကတော့ ၃.၆၅ သန်းနဲ့ ပဉ္စမနေရာမှာ ရောက်ရှိနေခဲ့ပါတယ်။

သူ့ရဲ့နောက်မှာ အီတလီနာမည်ကျော် ကွင်းလယ်လူ  Sebastian Giovinco က ၃.၆၅ သန်းနဲ့ပဲ ရပ်တည်နေတာကိုတွေ့ရပါတယ်။

စပါးတိုက်စစ်မှူးဟောင်း  Robbie Keane ကတော့ ပေါင် ၂.၉၃ သန်းနဲ့ နံပါတ်ခုနစ်နေရာကို ရောက်ရှိနေပြီး သူ့ရဲ့နောက်မှာတော့ Giovani Dos Santos က ပေါင် ၂.၆ သန်း ၊ Clint Dempsey က ပေါင် ၂.၅၄ သန်းနဲ့ အမေရိကန်နာမည်ကျော်တိုက်စစ်မှူး Jermaine Jones က ပေါင် ၁.၈၂ သန်းတို့နဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်။

လူအပြောများနေတဲ့ ချယ်လ်ဆီးဂန္တဝင်ကြီး Didier Drogba ကတော့ လစာအကောင်းဆုံး ဆယ်ယောက်ထဲမှာ ပါမလာဘူးလို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)

No comments:

Post a Comment