iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, September 16, 2015

တက္ကသိုလ်ကျောင်းသူတစ်ဦး မော်တော်ယာဉ်ပိသေဆုံးမှုဖြစ်


 စကု စက်တင်ဘာ ၁၅

 မော်တော်ယာဉ်တိမ်းမှောက်ရာမှ လမ်းဘေးရပ်ထားသော ဆိုင်ကယ်နှစ်စီးပေါ်သို့ပိပြီး တက္ကသိုလ်ကျောင်းသူ တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

 ဖြစ်ပွားပုံမှာ မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၊ မင်းဘူး-အမ်းလမ်း မကြီးပေါ်ရှိ မိုင်တိုင်အမှတ် (၁၇)မိုင် ခြောက်ဖာလုံအနီး စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီက မော်တော်ယာဉ်အမှတ် YGN 6F--- ယာဉ်မောင်း ဟိန်းမင်းလတ် အသက် (၂၇)နှစ် မောင်းနှင်လာသောကားမှာ ညာဘက်နောက်ဘီးပေါက်၍ လမ်းဘေးသို့ကျကာ တိမ်းမှောက်ပြီး လမ်းဘေးတွင် ရပ်တန့်ထားသော မော်တော်ဆိုင်ကယ်နှစ်စီးအားပိရာတွင် တတိယနှစ် ပထဝီဝင် မကွေးတက္ကသိုလ် စာပေးစာယူ ကျောင်းသူ မဇင်မာလွင် အသက် (၂၃ နှစ်) စမ်းကြီးအိုင်ကျေးရွာ မင်းတုန်းမြို့နယ်နေသူသည် နေရာတွင်ကားပိ၍ သေဆုံးကာ ဒုတိယနှစ် အင်္ဂလိပ်စာ မကွေးတက္ကသိုလ် စာပေးစာယူ ကျောင်းသူအသက် (၂၃ နှစ် ) သူငယ်ချင်းဖြစ်သူမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

 ၎င်းယာဉ်မောင်းအား စကုနယ်မြေခံရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

တင်ရီ (ဆသရ)
Myanmaalinn

No comments:

Post a Comment