iCon
zawgyi သို့ မဟုတ် unicode
Wednesday, September 16, 2015
ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ချဲလ်ဆီးအသင်း လေးနေရာအထိ အပြောင်းအလဲပြုလုပ်မည်
ချဲလ်ဆီးနည်းပြမော်ရင်ဟိုဟာ ယနေ့ညမှာ ယှဉ်ပြိုင်မယ့် မက္ကာဘီတဲလ်အဗစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ပွဲဦးထွက်မှာ ပွဲထွက်လူစာရင်းကိုလေးနေရာလောက်အထိပြောင်းလဲ ပွဲထုတ်သွားမယ်လို့ မီဒီယာတွေကို ၀န်ခံခဲ့ပါတယ်။
ခြင်္သေ့ပြာတွေရဲ့ ပဲ့ကိုင်ရှင်ကတော့ အသင်းခေါင်းဆောင် John Terry အပါအ၀င် နောက်ခံလူ Branislav Ivanovic , ကွင်းလယ်လူ Matic နဲ့ တိုက်စစ်မှူး Diego Costa တို့ကို ချန်လှပ်သွားမယ်လို့ မီဒီယာတွေက ထင်မြင်ချက်ပေးနေကြပါတယ်။
အမှားများနေတဲ့ ညာနောက်ခံလူ Ivanovic နေရာမှာ Azpilicueta ကိုသုံးပြီး ဘယ်နောက်ခံနေရာမှာ နောက်ခံလူသစ် Baba Rahman ကိုထည့်သွင်းမယ်လို့သိရပါတယ်။
အခုနောက်ပိုင်းပွဲတွေမှာ Fabregas နဲ့အချိတ်အဆက်မမိဖြစ်နေတဲ့ Matic ရဲ့နေရာမှာ ကွင်းလယ်လူသစ် Loftus-Cheek ကို အစားထိုးမယ်လို့ သိရပါတယ်။
တိုက်စစ်မှူးနေရာမှာတော့ Loic Remy ကို Diego Costa အစားအသုံးပြုပြီး အသက်အရွယ်အရကျလာတဲ့ အသင်းခေါင်းဆောင် John Terry နေရာမှာ Gary Cahill ကိုအသုံးပြုပြီး Kurt Zouma နဲ့တွဲဖက်မယ်လို့ သတင်းအရင်းအမြစ်တွေအရ သိရှိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment