iCon
zawgyi သို့ မဟုတ် unicode
Monday, September 7, 2015
မုန့်ဝယ်ကျွေးမည်ဟု ပြောဆိုကာ (၃) နှစ်အရွယ် ကလေးအား အဓမ္မပြုကျင့်
မုံရွာ
ဗန်းမောက်မြို့နယ် ….ကျေးရွာတွင် အရွယ် မရောက်သေးသည့် သုံးနှစ်အရွယ် ကလေးငယ်အား မုန့်ဝယ်ကျွေးမည် ဆိုကာ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မူးရုံးထံမှ သိရသည်။
ဖခင်ဖြစ်သူနှင့် အတူ နေအိမ်အတွင်း ၌ မ. . . . .(၃) နှစ်သည် ဆော့ကစားနေစဉ် ခင်မင် ရင်းနှီးနေသူ ကို. . . .(၂၇) နှစ် ရောက်ရှိလာပြီး ကလေးငယ်အား မုန့်ကျွေးမည်ဟု ပြောဆို၍ ကျင်းတိန် ရွှေမှော်ဘက်သို့ ခေါ်ဆောင် သွားခဲ့ပြီး ရွှေမှော်အနီးရှိ ချုံပုတ်အတွင်း၌ သားမယား ပြုကျင့်ခဲ့ကြောင်း ပထမ သတင်းပေးချက်အရ သိရသည်။
ယင်းသို့ အရွယ်မရောက်သေးသည့် သုံးနှစ်အရွယ် ကလေးငယ်အား ရွှေမှော်အနီးရှိ ချုံပုတ်အတွင်း အဓမ္မပြုကျင့်ခဲ့ ပြီးနောက် နေအိမ်ဝင်း အနီးသို့ ချထားပေးခဲ့ကြောင်း သိရပြီး သမီးဖြစ်သူမှ နာတယ်၊ ''နာတယ်'' ဟု ငိုကြွေးခဲ့ရာမှ ကိုယ် ခန္ဓာအနှံ့အပြားအား ကြည့်ရှုရာ သွေးများ ပေကျံနေသည်ကို တွေ့ရှိ၍ မေးမြန်းရာ အကြောင်းစုံ သိရ၍ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း မှုခင်းမှတ်တမ်များ အရ သိရသည်။
ယင်းသို့ အရွယ် မရောက်သေးသည့် သုံးနှစ်အရွယ် ကလေးငယ်အား အဓမ္မ ပြုကျင့်ခဲ့သည့်။ . . . .(၂၇) နှစ်အား မံစီကြီး နယ်မြေ ရဲစခန်းမှ (ပ) ၃၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၇၆ အရ အမှုဖွင့် အရေးယူထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မူးရုံးမှ သိရသည်။
လင်းလင်းမောင်
The Messenger Media
http://messengernewsjournal.com
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)

No comments:
Post a Comment