iCon
![[IMG]](https://78.media.tumblr.com/d5a502bfc2544b1b0c3f1625ef10c913/tumblr_mv4zqcNwFj1s1va72o1_400.gif)
zawgyi သို့ မဟုတ် unicode
Saturday, September 5, 2015
ရမည်းသင်းမြို့ ရွာတန်းရွာကားလမ်းပေါ် တုတ်ဖြင့်ရိုက် လုယက်မှုဖြစ်
ရမည်းသင်း စက်တင်ဘာ ၃
ရမည်းသင်းမြို့၌ သြဂုတ် ၃ဝ ရက် ည ၁ဝ နာရီခန့်က ရမည်းသင်း မြို့နယ် သဲကျွန်းအုပ်စု ဈေးကွက်သစ် ရပ်နေ ကိုဝေလင်း (၃၃ နှစ်) သည် သူငယ်ချင်းဖြစ်သူ ကိုထက်မြက် (၃၇ နှစ်) နှင့်အတူ နေပြည်တော်မှ ကိုယ်ပိုင်ယာဉ်9F/------ မီနီဆလွန်း ကားဖြင့်ပြန်လာခဲ့ရာ ရမည်းသင်းမြို့ အထွက် လက်ဆည်ကန်ရပ် နွားပွဲ ဈေးအနီး တံတားပေါ်တွင် အရှည် သုံးပေခန့်တုတ်များ ကိုယ်စီ ကိုင်ဆောင်ကာ လူလေးဦးက ကားကိုတား၍ ယာဉ်မောင်းသူ ကိုထက်မြက်က ကားရပ်တန့်ပေးစဉ် တုတ်ကိုင်ထားသော လူနှစ်ဦးက ကားရှေ့တွင်ပိတ်ရပ်ထားပြီး ကျန် နှစ်ဦးက ကားမှန်ကိုထုရိုက်ခြင်း၊ ကားဘော်ဒီအမိုးများကို ထုရိုက်ခြင်း၊ ကိုဝေလင်းထိုင်သော ဘေးတံခါးကို ထုရိုက်ပြီး ကားအတွင်းရှိ ကိုဝေလင်း ကို တုတ်ဖြင့်ရိုက်ရာ ပိုက်ဆံအိတ် ကိုလုယူ၍ ကားပေါ်မှ ဆွဲချစဉ် ကိုထက်မြက်က ကားမောင်း၍ ထွက်ပြေးခဲ့ကြောင်း သိရသည်။
နေအိမ်အရောက်တွင် ကားကို ပြန်လည်စစ်ဆေးရာ ရှေ့မှန်အက်ကွဲ၊ ကားအမိုးဘော်ဒီ ပိန်ချိုင့်ပျက်စီး ကြောင်း၊ လုရန်ကြံစည်သူများကို စုံစမ်းခဲ့ရာ နေလင်း(ခ) တွတ်ပီ (၂၂ နှစ်) နှင့် ကျော်ကျော်ထက်(ခ) တိုက်ဂါး (၂ဝ နှစ်) တို့ ပါဝင်ကြောင်း စုံစမ်းသိရပြီး ကျန်နှစ်ဦး အမည်မသိ တို့ကို ဥပဒေအရ ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရ သည်။
တင်ဦး
Myanmaalinn
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment