iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, September 20, 2015

မြန်မာနှင့်တရုတ် ဆက်သွယ်နိုင်မည့် နိုင်ငံတကာ ရေအောက် ဖိုက်ဘာကေဘယ် ဆက်ကြောင်း တစ်ခုကို CHINA UNICOM ဆက်သွယ်ရေးကုမ္ပဏီ တည်ဆောက်နေ


မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆက်သွယ်ရေး ကွန်ရက်စနစ် တည်ဆောက်ရန် အတွက် ရေအောက် ဖိုက်ဘာ ကေဘယ်ကြိုး တည်ဆောက်မှုကို ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနမှ စုံစမ်းသိရသည်။


အထက်ပါ တရုတ်နှင့် မြန်မာနိုင်ငံအကြား သွယ်တန်းမည့် နိုင်ငံတကာ ရေအောက်ဖိုက်ဘာ ကေဘယ် တည်ဆောက်မှုသည် နယ်စပ်ဒေသများ၏ အင်တာနက် ဆက်သွယ်ရေးနှင့် မိုဘိုင်းဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု အသုံးပြုခြင်း ပိုမို မြင့်တက်လာစေရန် အတွက် ရည်ရွယ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။


မြန်မာနှင့် တရုတ်နိုင်ငံအကြား နိုင်ငံတကာ ရေအောက်ကေဘယ် သွယ်တန်းမှုကို ယင်းနိုင်ငံ၏ China Unicom ကုမ္ပဏီက ဆောင်ရွက်ခြင်းဖြစ်ပြီး မည်သည့် အချိန်တွင် တည်ဆောက်မှုပြီးစီးမည်ကို ယခုလတ်တလောတွင် ပြောဆိုနိုင်သေးခြင်း မရှိကြောင်း အထက်ပါဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


https://www.internetjournal.media/news/4159

No comments:

Post a Comment