iCon

[​IMG]

zawgyi သို ့မဟုတ္ unicode

Thursday, September 24, 2015

မိမိ COC Account ID ရဲ့ Gmail ကို ပြောင်းပြီး တခြား Gmail အသစ်ဖြင့် ချိတ်ဆက် အသုံးပြုချင်သူများအတွက်


                အကြောင်းအမျိုးမျိုးကြောင့် မိမိ COC Account ID ရဲ့ Gmail ကို ပြောင်းပြီး တခြား Gmail အသစ်ဖြင့် ချိတ်ဆက် အသုံးပြုချင်သူများအတွက် အဆင်ပြေမဲ့ နည်းလမ်းလေးပါ။  မိမိရဲ့ လက်ရှိ ပြောင်းမဲ့ COC Account ကို ဖုန်းဖြင့် ချိတ်ဆက်ပြီး COC Game ကို ၀င်လိုက်ပါ။
  
            အောက်တွင်ပြထားသည့်အတိုင်း COC ရဲ့ Settings ထဲသို့ဝင်ရန် Settings အား နှိပ်လိုက်ပါ။
 

    ဒါဆိုရင် အောက်တွင် ပြထားသည့်အတိုင်း Settings ထဲရောက်ရှိသွားပါမည်။ ပြီးရင်တော့ Help and Support သို့ ၀င်လိုက်ပါ။


          နောက်တစ်ဆင့်အနေဖြင့် Account ဆိုင်ရာ Setting သို့သွားရန် ပြထားသည့် My Account သို့ဝင်ပါ။
 
   
  ဒီအဆင့်ကတော့ Gmail နှင့်ဆိုင်သော လုပ်ဆောင်ချက်အတွက် Save your progress with Google Play ကို ရွေးချယ်လိုက်ပါ။ 

    
 သင့် COC Account ID ရဲ့ Gmail ကိုပြောင်းရန် ပြထားသည့်အတိုင်း Message icon လေးကို နှိပ်လိုက်ပါ။
 
     
  နောက်တစ်ဆင့်အနေဖြင့် Clash Of Clans ကို Mail Message ပို့ရန် အောက်ပါအတိုင်း Box ပေါ်လာပါမည်။
 
          
   ကျွန်တော်ရိုက်ထားသလို့မျိုး ရိုက်ပြီး အောက်က COC ID Gmail ထည့်ပြီး Send ခလုပ်ကို နှိပ်ပေးရပါမည်။
 
   
        Message ပို့ပြီး တစ်ရက်၊ နှစ်ရက်လောက် စောင့်လိုက်ပါ။ ပြထားသည့်အတိုင်း Clash of Clans ရဲ့ Help And Support မှ စာပြန်ပို့သော Notification ပြနေပါလိမ့်မည်။

           
      ထို Setting ထဲဝင်လိုက်ပြီး အောက်တွင် ပြထားသည့် Help And Support သို့ဝင်ပါ။
 
             
          အောက်တွင်တွေ့ရသည့်အတိုင်း Clash Of Clans ရဲ့ Help and Support မှ သင့်ကို ပို့ပေးထားသော Message ကို တွေ့ရပါမည်။
 
  
         ကဲ ကျွန်တော်ပြထားတဲ့ Clash of Clans ရဲ့ မေးခွန်းတွေပါတဲ့ စာသားများကို လိုက်ရှာလိုက်ပါ။

မေးထားတဲ့ မေးခွန်းတွေကတော့
(၁) ဒီအကောင့်ကို ဘယ်အချိန်မှာ စပြီး ကစားတာလဲ?
(၂) ဒီအကောင့်ကို ဘယ်နေရာ (ဘယ်မြို့)မှာ ပြုလုပ်ခဲ့တာလဲ?
(၃) ဒီအကောင့်ကို ၀င်ရောက် အသုံးပြုခဲ့သည့် Device သို့ Devices များကဘာလဲ?
          ဒီမေးခွန်းတွေကို ဖြေဖို့ဆိုရင်တော့ မေးခွန်း (၁)အတွက် ဒီအကောင့် COC ကို သင့်စပြီး ကစားခဲ့တဲ့ ရက်စွဲကို အနီးစပ်ဆုံး ဖြေပေးရပါမည်။ အနည်းဆုံးတော့ လ နှင့် နှစ် မှန်ရန်လိုအပ်ပါသည်။
        မေးခွန်း (၂) အတွက် စပြီးကစားခဲ့တဲ့ မြို့အမည်ပါ။ သင်က ရန်ကုန်မှာ ကစားခဲ့တယ်ဆိုရင်တော့ Rangoon ပေါ့။ မန္တလေးမှာ ဆိုရင်တော့ Mandalay ပေါ့။
       မေးခွန်း (၃) အတွက်ကတော့ သင့် ဒီအကောင့်ကို ၀င်ရောက်ကစားခဲ့သော ဖုန်းတစ်လုံးဆိုလျှင် တစ်လုံး၊ တစ်လုံးထပ်မက အများကြီးမှာ ကစားခဲ့ရင် အားလုံး ထည့်ရေးဖို့လိုအပ်ပါသည်။ ဥပမာ Huawei C8813, Acer Z210, Samsung Galaxy Grand Duos အစရှိသည်ဖြင့် အတိအကျ Model No ကိုပါ ရေးသားပေးပြီး Send ကို နှိပ်လိုက်ပါ။
      နောက်ထပ် တစ်ရက်လောက်နေရင် Clash Of Clans မှ ထပ်ပြီး Message ပို့ပေးပါလိမ့်မည်။ သင်ဖြေဆိုမှု အောင်မြင်ရင်တော့ သင့်ရဲ့ အကောင့်ကို လက်ရှိ ID Gmail မှ အောက်ပါအတိုင်း Disconnected ဖြစ်သွားပါလိမ့်မည်။

ကဲ အဲဒါဆိုရင်တော့ သင့်စိတ်ကြိုက် မချိတ်ဆက်ထားရသေးသော Gmail Account တစ်ခုခုဖြင့် ချိတ်ဆက်ဖို့ Disconnected ကို နှိပ်ပြီး ချိတ်ဆက်နို်င်ပါပြီ။
                                                                                                                                                                                                  
                                                                                      ကိုမြတ် (MICT Garden)
    

No comments:

Post a Comment