iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, September 23, 2015

ရေထဲကျလည်း ရေမဝင် ရေမမြှုပ်နိုင်တဲ့ စမတ်ဖုန်း Comet

Comet လို့ အမည်ရတဲ့ ရေမဝင် ရေမမြှုပ်နိုင်တဲ့ Android စမတ်ဖုန်း ကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနိးယား အခြေဆိုက် Prashanth Raj Urs အမည်ရ ကုမ္ဗဏီက ထုတ်လုပ်ရောင်းချပြီ ဖြစ်ပါတယ်။
ဖုန်းဟာ အတွင်း Spec အရလည်း အတော်လေးမြင့်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ၄.၇ လက်မ အရွယ် 720p AMOLED ဖန်သားပြင်ကို အသုံးပြုထားပါတယ်။ RAM 4GB, 2GHz Octa Core Processor ကို အသုံးပြုထားပါတယ်။ ဘက်ထရီကလည်း 2800 mAh ရှိပါတယ်။ Internal memory 32GB နဲ့ 64GB ဆိုပြီးတော့ နှစ်မျိုး ထုတ်ထား ပါတယ်။ ကင်မရာကလည်း 16 Megapixel ရှိပါတယ်။ Android 5.1 OS ကို အသုံးပြုထား ပါတယ်။ အခြးသော ယနေ့ထွက် အဆင့်မြင့် စမတ်ဖုန်းများမှာ ပါဝင်တဲ့ Feature များစွာ ပါဝင်ပါတယ်။
သူ့ကို ရေထဲကျတဲ့အခါ မြှုပ်မသွားအောင်၊ ရေမဝင်အောင် စွမ်းဆောင်ပေးတက IPx7 water-resistant အဆင့်ကြောင့်မို့ ဖြစ်ပါတယ်။ ရေလည်းမဝင်တဲ့အပြင် အပေါ်ပါပြန်ပေါ်အောင် သတ္တုများကို သေချာ ရောစပ် အသုံးပြုထားပါတယ်။ Comet ဖုန်းဟာ ဒီဇိုင်းအားဖြင့်လည်း လှပါတယ်။ ဈေးနှုန်းကတော့ 32GB ကို 279 ဒေါ်လာနဲ့ စတင်ပြီး နောက်ဆိုရင်တော့ 399 နဲ့ 469 ဒေါ်လာအဖြစ် 32GB နဲ့ 64GB ကို ရောင်းချသွားမှာ ဖြစ်ပါတယ်။ နောက်နှစ် ဧပြီလမှ ရောင်းချမှာ ဖြစ်ပါတယ်။ မြန်မာပြည်ဆိုရင် သင်္ကြန်နဲ့သွားတိုက်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ရောက်မယ် မရောက်မယ်ကတော့ မသိပါ။ အွန်လိုင်း အော်ဒါဆိုရင်တော့ စင်္ကာပူကနေဆိုရင် ရနိုင် ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)

No comments:

Post a Comment