iCon
zawgyi သို့ မဟုတ် unicode
Saturday, September 5, 2015
မန်စီးတီးအသင်းဟာ ရာသီအစမှာ ရလဒ်ကောင်းတွေရဖို့ တစ်နေ့ ၂ ကြိမ် ထရိန်နင်ဆင်းရတယ်လို့ Fernandinho ဆို
မန်ချက်စတာစီးတီး အသင်းရဲ့ တိုက်စစ်မှုး Fernandinho က မန်စီးတီး အသင်းအနေနဲ့ ရာသီအဖွင့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရဖို့ လိုတာထပ်ပိုပြီး ကြိုးစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Manuel Pellegrini ရဲ့ ရာသီ အဖွင့်ပွဲစဉ်တွေဟာ ရလဒ်ကောင်းတွေ ရလိုက်သလို အခုချိန်ထိလည်း မန်စီးတီး အသင်းဟာ ၄ ပွဲ ကစားပြီး ပေးဂိုး တစ်ဂိုးမှ မရှိသေးပါဘူး။ ဒီရလဒ်တွေနဲ့ ပတ်သက်ပြီး Fernandinho က ပြောခဲ့တာကတော့ သူတို့ အသင်းဟာ ထရိန်နင်မှာ ၂ဆ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။
ဘရာဇီးလ် နိုင်ငံသား Fernandinho ရဲ့ ပြောကြားချက်အရတော့ မန်စီးတီး အသင်းဟာ ပွဲစဉ်တွေမှာ အကျိုးအမြတ်တွေကို ခံစားမိနေပြီး မန်စီးတီး အနေနဲ့ ဒီနှစ် ဘောလုံးရာသီ မှာ ရုန်းကန်ရမယ်လို့ ခန့်မှန်းတဲ့သူတွေကိုလည်း ရယ်ချင်မိတယ်လို့ ဆိုပါတယ်။
"တစ်ချို့လူတွေက မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ လုပ်ခဲ့ကြပါတယ်။ သူတို့ဟာ အသင်းရဲ့ အတွင်းပိုင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို မသိကြပါဘူး။ သူတို့ဟာ ကျွန်တော်တို့ တစ်နေ့ကို ဘယ်လောက်ထိ အလုပ်လုပ်ကြတယ် ၊ လေ့ကျင့်ကြတယ်ဆိုတာကို မတွေ့ကြပါဘူး။ တစ်ချို့ရက်တွေမှာ ကျွန်တော်တို့ လေ့ကျင့်ရေး ၂ ကြိမ်လုပ်ရပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် အသင်းအများစု လုပ်လေ့မရှိတဲ့အရာပါ" လို့ Fernandinho က ဆိုပါတယ်။
Fernandinho ဟာ ပြီးခဲ့တဲ့ နှစ် ဘောလုံးရာသီ မှာ ခက်ခဲလှတဲ့ အချိန်တွေကို ဖြတ်ကျော်ခဲ့ပြီးတဲ့နောက် ဒီနှစ်ဘောလုံး ရာသီအစမှာမှ ပုံမှန်ခြေစွမ်းကို ပြန်ရခဲ့တာ ဖြစ်ပါတယ်။ စနေနေ့ကလည်း ၀က်ဖို့ဒ် အသင်းကိုလည်း အကောင်းဆုံး အနိုင်ဂိုးကို သွင်းနိုင်ခဲ့ပါတယ်။
( Mario )
#သစ်ထူးလွင်(အားကစား)
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment