iCon
zawgyi သို့ မဟုတ် unicode
Tuesday, September 8, 2015
Giroud ရဲ့ခြေစွမ်း ဘယ်လိုလာဦးမလဲ?
Giroud ဟာ ယခုလတ်တလောကာလတွေမှာ သူ့ရဲ့ခြေစွမ်းပိုင်းကြောင့် ဝေဖန်မှုတွေဆက်တိုက်ကြုံတွေ့နေရပါတယ်။
မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်အသင်းနဲ့ ဆာဘီးယားအသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်မှာ Giroud ဟာ အပိုင် အခွင့်အရေးပေါင်းများစွာကို ဖြုန်းတီးခဲ့ပါတယ်။
ဒါကြောင့်ပဲ သူဟာ ဒုတိယပိုင်းအရောက်မှာ အခြားတိုက်စစ်မှူးတစ်ဦး ဖြစ်တဲ့ Karim Benzema နဲ့လူစားလဲခြင်းခံခဲ့ရပါတယ်။
အဲ့လို လူစားလဲ ခံခဲ့ရတဲ့ အချိန်မှာတော့ ပြင်သစ် ပရိသတ်တွေက သူ့ကို အော်ဟစ်လှောင်ပြောင်မှုတွေြ့ပုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီခြေစမ်းပွဲမှာ ပြင်သစ်အသင်းဟာ လူငယ်ကွင်းလယ်လူ Matuidi ရဲ့ ဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒါပေမဲ့ ပြင်သစ်နည်းပြ Deschamps ကတော့ " ဒီပွဲမှာ Giroud ဟာ ကံမကောင်းခဲ့ပါဘူး။ ဒါပေမယ့် နှစ်ဂိုးတစ်ဂိုးဆိုတဲ့ ရလဒ်ကတော့ ကျွန်တော်တို့ အတွက် ရမှတ် ၁၇ မှတ်နဲ့  ခြေစစ်ပွဲအောင်သလိုပါပဲလို့" ပြောကြားသွားခဲ့ပါတယ်။
ဒါပေမယ့် Giroud ရဲ့ ကလပ်အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းအတွက်တော့ Giroud ရဲ့ ခြေစွမ်းပိုင်းကမျက်ခုံးလှုပ်စရာ ဖြစ်လို့နေပါတယ်။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအနေနဲ့လည်း လာမယ့်အပြောင်းအရွှေ့ကာလတွေမှာ ဘယ်လိုတိုက်စစ်မှူးမျိုးကို ခေါ်ယူမလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလို့နေပါတယ်။
( Paing AK )
#သစ်ထူးလွင်(အားကစား)
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment