ဒီနေ့မှာ ထွက်ရှိလာမဲ့ iOS9 ကို iPhone 4s နဲ့ နောက်ပိုင်း iPhone တွေမှာ အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။ iOS 9 ရရှိတဲ့ iPhone တိုင်းမှာ iOS9 ကို မြှင့်တင်တဲ့အခါမှာ မိမိတို့ဖုန်းအတွင်းမှာရှိတဲ့ Application အချို့ကိုယာယီဖျက်ပြစ်မှာဖြစ်ပါတယ်။ ဒါပေမဲ့ iOS9 မြှင့်တင် ပြီးတဲ့အခါမှာတော့ ပြန်လည် install လုပ်ခွင့်ရမှာပါ။ ဒါဟာ iOS9 မှာပါဝင်တဲ့ Auto-wipe system ကဖျက်ပစ်မှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ Cancel လုပ်ချင်တယ်ဆိုရင်လည်း လုပ်ခွင့်ရှိပါတယ်။ အသုံးပြုသူ ကို ရွေးချယ်ခွင့်ပေးထားပါတယ်။ Cancel လုပ်လိုက်ရင်တော့ မိမိဘာသာ Manual upgrade ပြုလုပ်သွားရမှာဖြစ်ပါတယ်။
ဘာကြောင့်အခုလို ဖြစ်ရတာလဲဆိုရင် iPhone တွေမှာ Space မလုံလောက်တဲ့ပြဿနာကို ဖြေရှင်းပေးဖို့အတွက်ဖြစ်ပါတယ်။ အခုထွက်ရှိမဲ့ iOS9 ရဲ့ Space နေရာယူမှုဟာ အရင်က iOS ဗားရှင် တွေထက် Space နေရာယူမှု လျော့နည်းသွားလို့ဖြစ်ပါတယ်။ iPhone 64 GB နဲ့ 128 GB တို့မှာ ပြဿနာမရှိပေမဲ့ 16 GB သမားတွေအတွက်တော့ အရမ်းဒုက္ခရောက်စေပါတယ်။ OS နဲ့တင် 4 GB ကျော်ကျော်လောက်နေရာယူထားတာဖြစ်တဲ့အတွက် အခုလို လျှော့ချလိုက်ခြင်းဖြစ်ပါတယ်။
Apple အသုံးပြုသူတွေဟာ ဒီအကြောင်းအရာကို စစချင်းမှာတော့ သေသေချာချာမသိသေးပဲ အစိုးရိမ်ကြီးစိုးရိမ်သွားကြပါတယ်။ နောက်မှ Apple Support ရဲ့ Twitter အကောင့်မှ Apple အသုံးပြုသူတွေကို အံ့သြအောင်ပြုလုပ်ခြင်းဖြစ်ကြောင်းကို သိမှသာ စိုးရိမ်မှုတွေလျှော့နည်းသွားပါတော့တယ်။
Ref : Mirror
Aung Ko Htet (MMA)
No comments:
Post a Comment