iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, September 16, 2015

iOS 9 ဒီည ၁၁ခွဲမှာ ထွက်ပြီ

အများစု စောင့်ဆိုင်းနေကြတဲ့ iOS 9 ဒီည ၁၁နာရီခွဲ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ ပါဝင်လာမယ့် Feature တွေ များစွာ တိုးတက်တာဟာ ဒသမနောက်က ဗားရှင်းတွေမြင့်တာထက် ဒသမရှေ့က ဂဏန်းကြီးတွေ တိုးသွားတဲ့အခါ ပြောင်းလဲမှုတွေ အတော်လေးကို များပါတယ်။
ဥပမာအားဖြင့် ယခု အသစ်ထွက်လာမယ့် iOS 9 မှာဆိုရင် Android ကနေ iOS ကို ပြောင်းရွှေ့သုံးလိုသူများအတွက် Data ကူးပြောင်းရမယ့် Move to iOS App, သတင်းတွေဖတ်လို့ရမယ့် News App, ကျန်းမာရေးအတွက် ထပ်တိုးလာတဲ့ App တစ်ခုတို့ အပြင် Facebook, တို့လိုမျိုး လူသုံးများတဲ့ App တွေကို App Store ကနေ download ဆွဲရန် Suggested app list ထဲမှာ ထည့်ပေးထားတာမျိုးကို မြင်ရပါလိမ့်မယ်။ Security အတွက် Digital code ခံတဲ့အခါ လေးလုံး မဟုတ်တော့ပဲ ၆လုံး ဖြစ်သွားပါပြီ။ ဒါ့အပြင် အခြားသော security layer အချို့ရဲ့ step တွေလည်း ပြောင်းလဲသွားပါတယ်။ iPad မှာဆိုရင် Multitasking ရရှိတော့မှာ ဖြစ်တာကြောင့် ယခင် iOS ထက် အထူးခြားဆုံး ပြောင်းလဲမှုတစ်ခု ဖြစ်ပါလိမ့်မယ်။
iPhone 4S, iPad 2, iPad mini, 5th-gen iPod touch ကနေ စလို့ နောက်ပိုင်း အိုင်ဖုန်းတိုင်း update ရရှိမှာ ဖြစ်ပါတယ်။ အထူးခြားဆုံး ပြောင်းလဲမှု အနေနဲ့ iOS 9 ဟာ ဘက်ထရီ အစား သက်သာစေရမယ် ဖြစ်ကြောင်း အာမခံထား ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)

No comments:

Post a Comment