iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, September 21, 2015

ပိုပါးသွားတဲ့ iPad mini 4 အတွင်း

iPad mini 4 ရဲ့ အတွင်းပုံစံကို မြင်ရအောင် iFixit ကနေပြီးတော့ teardown လုပ်ပါတယ်။ teardown လုပ်တယ်ဆိုတာ အတွင်းအစိတ်ပိုင်းမြင်ရအောင် ဖြုတ်ကြည့်တာ ဖြစ်ပါတယ်။ ယခု ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။
Apple ရဲ့ ၎င်းတို့ထုတ်သော ပစ္စည်းများကို ပါးသွားအောင် လုပ်တဲ့ လျှို့ဝှက်ချက်က ဘက်ထရီကို ပါးအောင် လုပ်ခြင်း ဖြစ်ပါတယ်။ ဘက်ထရီကို ပါးအောင်လုပ်ခြင်းရဲ့ အကျိုးဆက်က ဘက်ထရီပါဝါနည်းလာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် Apple ရဲ့ သွားတဲ့ Concept က ဘက်ထရီပါဝါနည်းလာသော်လည်း Processor ရဲ့ လုပ်ဆောင်ချက် မြင့်မားလာစေမှု ဖြစ်ပြီး လုပ်ဆောင်ချက်ကို ပြန်ပြီးတော့ ဘက်မျှအောင် လုပ်ပါတယ်။ ဒီတော့ iPad mini 4 ရဲ့ ဘက်ထရီက ယခင်ဗားရှင်းထက် ပါဝါ နည်းသော်လည်း အသုံးပြုရန် ကြာချိန်ကတော့ ၁၀ နာရီချင်း အတူတူပါပဲ။ ၇.၉ လက်မ LCD မျက်နှာပြင်ကို မြင်တွေ့ရပါတယ်။ glass ကို screen နဲ့ ကပ်ထားခြင်း ဖြစ်ပါတယ်။ စခရင်ပြင်စရိတ်က သူဟာ ယခင်ဗားရှင်းထပ် ပိုပြီးတော့ ကြေးနည်းနည်း မြင့်မယ်ဖြစ်ကြောင်းလည်း သုံးသပ်ပေးထား ပါတယ်။
ဒ့ါအပြင် ပျက်နိုင်ချေ အများဆုံး နေရာက Lightening connector နေရာ ဖြစ်ကြောင်း ဆိုပါတယ်။ သူ့နေရာမှာ ပျက်ရင် ပြင်ရခက်တာကြောင့် ပြင်ဆင်စရိတ် များနိုင်ကြောင်း ဆိုနိုင်ပါတယ်။ Apple ပစ္စည်းများဟာ ပျက်ရင် ပြန်ပြင်ရ ခက်တာ သဘာဝပါ။ ယခင် iPad mini 4 ကို ပျက်ရင် ပြန်ပြင်ရလွယ်ကူ နိုင်ချေ အမှတ်ပေးတဲ့အခါ ၁၀ မှတ်မှာ ၂ မှတ်အဖြစ် iFixit က ပေးထား ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMA)

No comments:

Post a Comment