iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, September 9, 2015

iPhone 6S နဲ့ iPhone 6S Plus တို့ မိတ်ဆက်ပြသပွဲ

ဗြိတိသျှစံတော်ချိန် ညနေ ၆ နာရီ ၊ ပစိဖိတ် စံတော်ချိန်မနက် ၁၀ နာရီ နဲ့ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ တို့မှာ ကျင်းပမဲ့ iPhone 6S နဲ့ iPhone 6S Plus တို့ မိတ်ဆက်ပြသပွဲကို ကြည့်ဖို့ Apple User တွေဟာ လက်ရှိအချိန်မှာတော့ Apple Store ရဲ့ ရှေ့မှာ တန်းစီနေကြပါပြီ။ ကောလဟာလသတင်းတွေနဲ့ပြည့်နက်နေတဲ့ iPhone 6S နဲ့ iPhone 6S Plus တို့ရဲ့ သတင်းတွေဟာ မကြာခင်အချိန်တွင်းမှာ စစ်မှန်သေချာတဲ့ အချက်အလက်အစုံနဲ့ Apple User တွေရှေ့ကို မျက်ဝါးထင်ထင် ချပြတော့မှာဖြစ်ပါတယ်။
ဒီလိုအဖြစ်အပျက်တွေဟာ Apple ပွဲတိုင်းဖြစ်နေကြပါပဲ။ အရင်နှစ်တွေတုန်းကလည်း iPhone အသစ်တွေကို မိတ်ဆက်ပေးခဲ့ပြီး ရောင်းဖို့ ဆယ်ရက်အလိုမှာပဲ Apple Store ရဲ့ ရှေ့မှာ ဝယ်ယူဖို့ စောင့်ဆိုင်းနေကြတဲ့လူတွေအများအပြားပါပဲ။ အခုလည်း ဒီမြင်ကွင်းကိုမြင်ရပြန်ပြီ။ ကဲ Siri ရေ Blogger တွေ ၊ မီဒီယာသမားတွေ နဲ့ Apple ရဲ့ အမာခံ ချစ်သူတွေကတော့ Apple Store ရှေ့မှာ ရောက်နေပြီနော်။
Ref : pocketlint
Aung Ko Htet (MMA)

Aung Ko Htet (MMA)

No comments:

Post a Comment