Apple ရဲ့ iPhone 7 ဟာ Apple ရဲ့ ထုတ်ကုန်တွေထဲမှာ အပါးဆုံး စမတ်ဖုန်း ဖြစ်လာမှာ ဖြစ်ကြောင်း ခန့်မှန်းပြောဆိုထားပါတယ်။ iPhone 7 ဆိုတာ မနက်ဖန် မိတ်ဆက်တော့မယ့် iPhone 6S မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ် စက်တင်ဘာလ လောက်မှာ ထွက်ရှိမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။
သူ့ကို ကမ္ဘာ့ အပါးဆုံး စမတ်ဖုန်းလို့ မဆိုလိုခြင်းကတော့ သူ့ထက် ပါးတဲ့ စမတ်ဖုန်း အဖြစ် Vivo ရဲ့ X5 Max ရှိနေသေးလို့ပါ။ သူက 4.75 mm ပဲ ထူ ပါတယ်။ လက်ရှိ iPhone 6 က 6.9 mm ထူပါတယ်။ iPhone 6Plus က 7.1mm ထူပြီး iPhone 5S ထက် 0.5mm လောက်ပဲ ထူပါတယ်။ ယင်းကဲ့သို့ ပါးလွှာမှုကြောင့် iPhone 6Plus အချို့ဟာ ဘောင်းဘီအိပ်ကပ်ထဲ ထည့်တဲ့အခါ ကွေးညွတ်မှုဖြစ်ပေါ်ကြောင်း သတင်းတွေ ကြီးခဲ့ပြီး ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ ပါတယ်။ ယင်းကြောင့်မို့ Apple အနေနဲ့ ယခုနှစ် iPhone 6S ကနေ စလို့ ဖုန်းလုပ်တဲ့အခါ အသုံးပြုတဲ့ သတ္တုကို စတင်ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။ 7000 series aluminium လို့ခေါ်တဲ့ ပိုမို သန်စွမ်းပြီး ပါးလွှာတဲ့ အလူမီနီယံကို အသုံးပြုမှာ ဖြစ်တာကြောင့် 5mm ဝန်းကျင်လောက်အထိအထူသာ ရှိစေဖို့ အထိ ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း ခန့်မှန်းထား ပါတယ်။
လက်ရှိ iPod တွေထက်တောင် ပါးပါအုံးမယ်။ iPod တွေ ပါးရခြင်းက SIM card ထည့်မရခြင်းကြောင့်လည်း ပါဝင် ပါတယ်။ ဒီတော့ နောက်ထွက်မယ့် iPhone မှာ Embedded SIM Card လို့ခေါ်တဲ့ နည်းပညာလည်း ပါဝင်လာနိုင်ကြောင်း ခန့်မှန်းထားပြီး SIM card မလိုအပ်တော့ဘူးဆိုတာပါ သေချာရင် ပါးသွားဖို့ ပိုဖြစ်နိုင် များပါတယ်။ Vivo X5 Max တောင် SIM Card ထည့်ရသည့်တိုင် 4.75 mm အထိ ပါးထားနိုင်တာကြောင့် Apple iPhone 7 ပါးဖို့ ဆိုတာ ဖြစ်နိုင်ချေများတဲ့ ခန့်မှန်းမှု တစ်ခု ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)
.
Ref: dailymail
အောင်ခမ်း (MMA)
No comments:
Post a Comment