ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက iPhone အသုံးပြုသူတွေအတွက် အံ့သြအောင် Microsoft မှ Application တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Application ကတော့ လုပ်ငန်းလုပ်ကိုင်နေ သူတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ Application ဖြစ်ပါတယ်။ ရုံးလုပ်ငန်းသော်လည်းကောင်း၊ ကိုယ်ပိုင်လုပ်ငန်းသော်လည်းကောင်း လုပ်ကိုင်နေသူတွေဟာ အနည်းအများတော့ အစည်းအဝေးတွေရှိကြပါတယ်။ အစည်းဝေးရှိတဲ့အခါ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အစည်းအဝေး ဖိတ်ကြားဖို့အတွက် Application တစ်ခု အသုံးပြုရုံနဲ့ အဆင်ပြေစေမှာဖြစ်ပါတယ်။ အဆိုပါ Application ရဲ့ အမည်ကိုတော့ Invite လို့အမည်ပေးထားပါတယ်။
မိမိဟာ အစည်းအဝေး ဖိတ်ကြားခြင်းများအတွက် Invite ကို အသုံးပြုကာ လုပ်ဖော်ကိုင်ဖက်များဆီသို့ ဖိတ်ကြားနိုင်တဲ့အပြင် အစည်းဝေး ဖိတ်ကြားခံရတဲ့ လုပ်ဖော်ကိုင်ဖက်များအနေနဲ့ အဆိုပါ Application ကို မိမိဖုန်းအတွင်းသို့ install လုပ်စရာမလိုပဲ လက်ခံနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိ Email တစ်ခုခုရဲ့ Calendar ထဲကို invite လုပ်စရာမလိုပဲ အစည်းအဝေး ဖိတ်ကြားချက်တွေကို လက်ခံနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ Microsoft Invite ရဲ့ Feature ဟာ Website Version နဲ့ အပြန်အလှန် ဆက်သွယ်နိုင်လို့ပါပဲ။
Microsoft Invite Application ဟာ iPhone တစ်မျိုးတည်းမှာသာ အသုံးပြုနိုင်သေးတဲ့ Application ဖြစ်တဲ့အပြင် Window နဲ့ Android အတွက်တော့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ iPhone မှာ အသုံးပြုလိုပါက App Store မှာ Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Application ကို အသုံးပြုတဲ့အခါ Microsoft Office 365 ရဲ့ Account သို့မဟုတ် Microsoft Invite ရဲ့ Accoount တို့နဲ့ အသုံးပြုမှသာ အဆင်ပြေမှာဖြစ်ပါတယ်။
Ref : Mashable
Aung Ko Htet (MMA)
No comments:
Post a Comment