iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, September 8, 2015

မန်ယူအသင်းဟာ လာမည့်နွေအပြောင်းအရွှေ့ကာလမှာ ဒေါ့မွန်ကွင်းလယ်လူ Marco Reus ကို ခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသိရ



မန်ယူအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဒေါ့မွန်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ  Marco Reusကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

မန်ယူနည်းပြ ဖြစ်သူ ဗန်ဟားက ဒေါ့မွန်အသင်းထံ အငှားချထားသော ကွင်းလယ်လူ Januzaj ကိုပါ ယင်းအပြောင်းအရွှေ့တွင် အလဲအထပ်လုပ်ရန် ကြံစည်နေတာလည်း ဖြစ်ပါတယ်။

Marco Reus ကို မန်ယူအသင်းအပြင် ချယ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး စသည့် ပရီးမိးယားလိဂ် အသင်းများစွာကလည်း စိတ်ဝင်စားနေကြတဲ့အတွက် မန်ယူအသင်းအနေနဲ့ Januzaj ကိုပါ အလိုက်ပေးကာ လက်ဦးမှုရယူရန်ကြိုးစားနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများအရ မန်ယူအသင်းဟာ လာဇီယို ကွင်းလယ်လူ Felipe Anderson ကိုပါ ပစ်မှတ်ထားနေတယ်လို့လည်း သိရပါတယ်။

သို့သော် မန်ယူအသင်းပရိတ်သတ်များကတော့ အသင်းရဲ့ လက်ရှိ ပရီးမီးယားလိဂ် ရာသီအစ ရလဒ်များကိုလည်း စိတ်ပျက်လျက်ရှိတယ်လို့ သိရပါတယ်။

( Paing AK )

#သစ်ထူးလွင်(အားကစား)

No comments:

Post a Comment