iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, September 23, 2015

အသစ်ထွက်မယ့် Nexus ဖုန်း Nexus 6P

Nexus 6 ကို Google ဟာ Motorola နဲ့ ထုတ်လုပ်ခဲ့ပြီးနောက် Huawei နဲ့ ပူးပေါင်းပြီးတော့ ရက်ပိုင်းအတွင်း ကြေညာတော့မယ့် စမတ်ဖုန်းက Nexus 6P ဖြစ်ပါတယ်။
Nexus 7 အမည်နဲ့ Tablet ရှိပြီးသား ဖြစ်တာကြောင့် အမည်ပေးတဲ့ အခါမှာလည်း 6P လို့သာ အမည်ပေးခြင်း ဖြစ်ပါတယ်။ ယခု ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းနဲ့ ပါကင်ဗူးကို Nexus 6P ဖြစ်ကြောင်း သတင်းများ ပြန်နှံ့လာ ပါတယ်။ Google က တရားဝင်ကြေညာထားချက်တော့ မဟုတ်ပါဘူး။ ဖုန်းဟာ အရွယ်ကြီးဖုန်း ဖြစ်ပါတယ်။ LG နဲ့ကတော့ Nexus 5 ကို တစ်ဆင့်မြင့်ထားတဲ့ အရွယ်ပုံမှန် စမတ်ဖုန်း တစ်မျိုး ရှိပါတယ်။ သူ့ကိုပါ လာမယ့် ရက်ပိုင်းအတွင်း မိတ်ဆက်မယ် မဆက်မယ်တော့ မသိပါဘူး။ Nexus 6P ကိုတော့ မိတ်ဆက်မှာ ကြိမ်းသေ ပါတယ်။ ဒီဇိုင်းဟာ ပုံမှာ မြင်တွေ့ရသလိုပါပဲ။ နောက်ကျော ကင်မရာ တစ်ဝိုက်မှာ အနက်ရောင် အကွက်နဲ့ ဖြစ်နေတာကို မြင်တွေ့ရပါလိမ့်မယ်။ Android 6 OS ကို အသုံးပြုမှာ ဖြစ်ပါတယ်။ နောက်ဆုံး ဗားရှင်း ဖြစ်ပါတယ်။ Lolipop ပြီးတော့ နောက်ထပ် အသစ်ထွက်လာမယ့် OS ဖြစ်ပါတယ်။ ယင်းကို မိတ်ဆက်ထားပြီး ပါပြီ။
စမတ်ဖုန်းဟာ 6.6 mm ထူကြောင်းလည်း ရေးသားဖော်ပြထားကြ ပါတယ်။ Spec အရ ကြည့်ရင် နောက်ဆုံးပေးချည်းပဲ အသုံးပြုထားမယ့် ယင်းဖုန်းဟာ ၂၀၁၆ အတွက် ရွေးချယ်စရာ အဆင့်မြင့်စမတ်ဖုန်း တစ်လုံး ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားကြ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMA)

No comments:

Post a Comment