iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, September 20, 2015

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသိန်းအောင် မှတ်ပုံတင်အခမဲ့ပြုလုပ်ပေးပြီး မဲဆွယ်နေမှု NLD ပါတီ ကန့်ကွက်


 ဧရာဝတီတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ထားမှုနှင့် ၀န်ကြီးချုပ် ဦးသိန်းအောင် က မှတ်ပုံတင်အခမဲ့ပြုလုပ်ပေးပြီး မဲဆွယ်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောဆိုလိုက်သည်။

“နိုင်ငံရေးပါတီများ လိုက်နာရမယ့် ဥပဒေဆိုတာရှိပါတယ်။ အခုက သူတို့ ပါတီအနေနဲ့ လက်ရှိအာဏာရထားတာကို အသုံးချလုပ်ဆောင်နေတဲ့ အတွက် ကန့် ကွက်ပါတယ်”ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီမှ ဧရာဝတီတိုင်းဒေ သကြီးဥက္ကဋ္ဌဒေါက်တာမျိုးညွန့်က ပြောသည်။

အင်္ဂပူမြို့နယ်အတွင်းရှိ ရွာများတွင် ၀န်ကြီးချုပ် ဦးသိန်းအောင်က မှတ်ပုံတင် အခမဲ့ပြုလုပ်ပေးနေခြင်းကို ရွေးကောက်ပွဲကော်မရှင်သို့ အဆင့်ဆင့် တိုင်ကြား ထားသော်လည်း အရေးယူမှုမရှိသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များထံမှ သိရသည်။

“မဲစာရင်းမှာပါပြီး မှတ်ပုံတင်မရှိလို့ မဲမပေးရတာမျိုးတွေ ဖြစ်လာမှာစိုးလို့ မှတ်ပုံတင်အခမဲ့လုပ်ပေးတာပါ။ မှတ်ပုံတင်လုပ်ပေးလို့ ပါတီကို မဲပေးရမယ် လို့လည်း ပြောတာမဟုတ်ပါဘူး” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဧရာဝတီတိုင်းဒေသကြီး အတွင်းရေးမှူး ဦးအောင်တင်မြင့် က ပြောသည်။

MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment