iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, September 25, 2015

ကမ္ဘာ့အပါးဆုံးနဲ့ အပေါ့ဆုံး နာရီ Pebble Round ထွက်ပြီ

Pebble ဟာ စမတ်နာရီတွေချည်း သီးသန့်ထုတ်တဲ့ brand ဖြစ်ပြီး ကမ္ဘာတစ်လွှားအောင်မြင်ပါတယ်။ ယခု နိုဝင်ဘာလမှာ စတင်ရောင်းချမယ့် စမတ်နာရီက အရင်ထုတ်နေကျ လေးထောင့်ပုံစံ မဟုတ်တော့ပဲ အဝိုင်း ဒိုင်ခွက်နဲ့ ဖြစ်ပါတယ်။ Pebble Round လို့လည်း ခေါ်ပါတယ်။
ဈေးကတော့ အမေရိကန်ဒေါ်လာ ၂၄၉ ဒေါ်လာ ရှိပါတယ်။ Stainless Steel ဗားရှင်းလည်း ရှိပါတယ်။ ရွှေရောင်၊ အနက်ရောင်၊ အနီရောင် အပြင် ဒိုင်ခွက် အမျိုးမျိုးကိုလည်း ရွေးချယ်လို့ရပါတယ်။ အရောင်အမျိုးမျိုးကို ဆိုလို တာပါ။ အား အပြည့် တစ်ခါသွင်းထားရင် ၂ ရက်အသုံးခံပါတ်။ ၁၅ မိနစ်စာ အားသွင်းရင် တစ်နေ့လုံး အသုံးပြုလို့ရ ပါတယ်။ နာရီဟာ ၇.၅ မီလီမီတာသာ ထူပြီး ဝိတ်က ၂၈ ဂရမ်ပဲ ရှိပါတယ်။ ဒါကြောင့်မို့ သူ့ကို ကမ္ဘာ့ အပါးလွှာဆုံးနဲ့ အပေါ့ဆုံး စမတ်နာရီအဖြစ် စံချိန်တင်စေ ပါတယ။ Pebble ဟာ လေးထောင့်ကနေ အဝိုင်းဖြစ်သွားပေမယ့် နည်းပညာ အစိတ်ပိုင်းများ လျော့မသွားကြောင်း ဆိုပါတယ်။ ရေစိုခံတဲ့ (IPX7) အရည်အသွေး ရှိ စမတ်နာရီ ဖြစ်ပါတယ်။ Pebble ရဲ့ ကိုယ်ပိုင် OS နဲ့ လာတဲ့ စမတ်နာရီ ဖြစ်ပါတယ်။
built in microphone ပါဝင်တာကြောင့် စာပြန်ဖို့အတွက် အသံဖြင့် ပြုလုပ်တာလည်း ရကြေင်း ဆိုပါတယ်။ အထူးသဖြင့် Android နဲ့ပါ။ သူ့ကို iOS နဲ့လည်း အသုံးပြုလို့ရ ပါတယ်။ notification ပေးပို့ခြင်း၊ alert ပေးခြင်း တို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ အမေရိကန်နဲ့ ဥရောပတို့မှာ အော်ဒါလက်ခံနေပြီး လူပြောများတဲ့ စမတ်နာရီ ဖြစ်နေပါတယ်။ အသေးစိတ်ကို pebble.com မှာ လေ့လာ နိုင်ပါတယ်။
.
အောင်ခမ်း (MMA)

No comments:

Post a Comment