iCon
zawgyi သို့ မဟုတ် unicode
Monday, September 7, 2015
Samsung က ၃၆၀ ဒီဂရီ အသံထွက်စနစ်နဲ့ စပီကာ ၃ မျိုး ကို ထုတ်လုပ်ဖို့ စီစဉ်နေ
IFA 2015 အခမ်းအနားမှာ Samsung က အကြီးမားဆုံး ကြေညာမှု တစ်ခုဖြစ်တဲ့ Gear S2 ဆိုတဲ့ စမတ်နာရီ ကို ကြေညာခဲ့ပေမယ့် ဘယ်သူမှ မမျှော်လင့်ထားတဲ့ ကြေညာမှု တစ်ခုကို လည်း ပြုလုပ်ခဲ့ပါတယ်။
ဂျာမနီ နိုင်ငံ ၊ ဘာလင်မြို့မှာ ပြုလုပ်ခဲ့တဲ့ IFA 2015 ပွဲမှာတော့ Samsung က R1 ၊ R3 နဲ့ R5 ဆိုတဲ့ ကြိုးမဲ့ စပီကာတွေကို မိတ်ဆက်ပြသခဲ့ပါတယ်။ ထို စပီကာတွေဟာ Sono အမှတ်တံဆိပ် စပီကာ တွေကို ယှဉ်ပြိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။ တူညီတဲ့နည်းပညာ တစ်ခုကတော့ ၃၆၀ ဒီဂရီ အသံထွက်စနစ် ဖြစ်ပြီး Samsung ရဲ့ ပြောကြားချက်အရတော့ ring-radiator ဆိုတဲ့ နည်းပညာ ဟာ ထို ၃၆၀ ဒီဂရီ အသံထွက်စနစ်ကို ပိုမိုပြည့်စုံသွားစေတယ်လို့ ဆိုထားပါတယ်။
ထို စပီကာတွေကို iOS နဲ့ Android စနစ်သုံး ဖုန်းတွေအတွက် ချိတ်ဆက်အသုံးပြုနိုင်ပြီး စပီကာ ရဲ့ ထိပ်ပိုင်းမှာလည်း Play ၊ Pause နဲ့ အသံအတိုးအကျယ်တို့အပြင် ၊ ဂီတရယူ တဲ့ အရင်းအမြစ် ကိုပါရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
အရောင်လည်း အမျိုးမျိုး ရှိတဲ့အတွက် သင့်ရဲ့ အိမ် (သို့) ရုံးခန်းမှာ သင့်တော်နိုင်မယ့် အရောင်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Samsung ဟာ ထို စပီကာတွေကို ဒီနှစ်အကုန်ပိုင်းမှာ ထုတ်လုပ်သွားမယ်လို့ ဆိုထားပြီး ဈေးနှုန်းတွေကတော့ ဒေါ်လာ ၁၉၉ ကနေ ဒေါ်လာ ၃၉၉ အထိ ကျသင့်မှာ ဖြစ်ပါတယ်။ ဒီဈေးနှုန်းတွေဟာ Sonos တံဆိပ် စပီကာတွေရဲ့ ဈေးနှုန်းတွေနဲ့ မတိမ်းမယိမ်းတွေပဲ ဖြစ်ပါတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment