iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, September 6, 2015

အင်္ဂလန် ဂန္တ၀င် ကစားသမား Sir Bobby Charlton ရဲ့ စုစုပေါင်း သွင်းဂိုး ကို ရင်ဘောင်တန်းနိုင်ခဲ့တဲ့ Rooney



တစ်ကယ်တော့ San Marino နိုင်ငံ လက်ရွေးစင် ဘောလုံး အသင်းဟာ ကမ္ဘာ့အညံ့ဆုံး ဘောလုံး အသင်း တွေထဲက တစ်သင်း ဖြစ်ရုံတင်မကပဲ အခုတော့ ဆုံးဖြတ်ချက် အမှားတွေကို ပါ ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ ၅ ရက်နေ့(မနေ့) ညတုန်းက ဥရောပ ချန်ပီယံ ရှစ် ခြေစစ်ပွဲ အဖြစ် အင်္ဂလန် အသင်းနဲ့ San Marino အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အင်္ဂလန် အသင်းက San Marino အသင်းကို ၆ဂိုး - ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပါတယ်။ 

အင်္ဂလန် အသင်းဟာ ဂိုးမိုးရွာ ခဲ့ရုံတင်မကပဲ San Marino အသင်းဟာ အငြင်းပွားဖွယ် ပင်နယ်တီ ဂိုး တစ်ဂိုး ကို ပါ အင်္ဂလန် အသင်းကို ပေးဆပ်ခဲ့ရပါတယ်။ အဲဒီ ပင်နယ်တီဟာ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှုး Wayne Rooney ကို သမိုင်းမှာ မှတ်တမ်းတင်နိုင်စေခဲ့ပါတယ်။

အင်္ဂလန် နောက်ခံကစားသမား John Stones ဟာ San Marino အသင်း ရဲ့ ပင်နယ်တီ စည်းဝိုင်းအတွင်းကို ဘောလုံးဆွဲယူသွားရင်း San Marino နောက်တန်းက ဖျက်ထုတ်မှုကို ဒိုင်လူကြီးက ပင်နယ်တီ အဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ထို ပင်နယ်တီ ခွင့်ပြုပေးလိုက်ခြင်းဟာ အင်္ဂလန် ဂန္တ၀င် ကစားသမား Sir Bobby Charlton ရဲ့ အင်္ဂလန် အသင်းအတွက် စုစုပေါင်း သွင်းဂိုး ၄၉ ဂိုးကို Wayne Rooney တစ်ယောက် ရင်ဘောင်တန်း နိုင်သွား ပါတယ်။ Wayne Rooney ဟာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် စုစုပေါင်း သွင်းဂိုး ၄၉ ဂိုး ကိုသွင်းယူပေးပြီးဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)

No comments:

Post a Comment