Sony Xperia Z5 ဟာ လက်ရှိအချိန်မှာ မော်ဒယ်သုံးမျိုး ဖြစ်တဲ့ (Standard, Premium နဲ့ Compact ) တို့ကို ဖြန့်ချိထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရတော့ Sony ဟာ လေးခုမြောက်မော်ဒယ်ဖြစ်တဲ့ Compact Premium ကို ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ဒီလေးခုမြောက် မော်ဒယ်ဟာ နောက်ဆုံးထုတ်ထားတဲ့ Compact ထက် အချက်အလက်အချို့ကို ထပ်မြှင့်ပေးထားပြီး ဖန်တီးထားပါတယ်။
Sony ဟာ နောက်ဆုံးထုတ်ထားတဲ့ Compact’s Specs ကို ထပ်မံမြှင့်တင်ကာ နောက်ထပ် ဗားရှင်းအသစ်အနေနဲ့ ဂျပန်နိုင်ငံမှာ စတင်ထုတ်လုပ်မှာဖြစ်ပါတယ်။ အခုလက်ရှိထုတ်ထားတဲ့ နောက်ဆုံးဗားရှင်း ဖြစ်တဲ့ Compact ဗားရှင်းရဲ့ အချက်အလက်တွေကတော့ 4.6 လက်မ မျက်နှာပြင်အကျယ်ရှိပြီး resolution အနေနဲ့ 720 pixel ရှိပါတယ်။ Processor အနေနဲ့ 1.5 GHz quad-core Snapdragon 810 chipset ကို အသုံးပြုထားပြီး RAM ကတော့ 2GB ဖြစ်ပါတယ်။ Storage ကိုလည်း 32 GB ရရှိအောင် ထောက်ပံ့ပေးထားပါတယ်။ ကင်မရာနဲ့ပတ်သက်ရင် အများနဲ့ မတူပဲ ကောင်းမွန်အောင် ပြုလုပ်ထားတဲ့ Sony ဟာ ကျောဘက် ကင်မရာ 23 megapixel နဲ့ အတွင်းဘက် ကင်မရာ 5.1 megapixel ရရှိအောင် ထုတ်လုပ်ထားပါတယ်။ ဘက်ထရီသက်တမ်းအနေနဲ့ ကြာရှည်ခံနိုင်အောင် 2700 mAh ကို အသုံးပြုထားပါတယ်။
ဒါပေမဲ့ နောက်ထွက်မဲ့ Compact premium version ကိုတော့ လက်ရှိ မော်ဒယ်ထက် အချက်အလက်အချို့ကို ထပ်မံမြှင့်တင်ထားပါတယ်။ Compact Premium Verion ရဲ့ မျက်နှာပြင်အကျယ်ကိုတော့ 4.6 လက်မပဲ ထုတ်လုပ်ပေးထားပေမဲ့ Full HD display ဖြစ်လာပါတယ်။ RAM ကိုလည်း 4GB အထိ မြှင့်တင်ပေးထားပါတယ်။ ဘက်ထရီသက်တမ်းကို အရင်ကထက် ပိုပြီး ကြာရှည်ခံအောင် 2900 mAh ကို အသုံးပြုထားပါတယ်။ ဒါပေမဲ့ Chipset နဲ့ ကင်မရာကိုတော့ ဘာမှမပြောင်းလဲပဲ ထုတ်လုပ်ထားပါတယ်။
Ref : pocketlint
Aung Ko Htet (MMA)
No comments:
Post a Comment