iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, September 22, 2015

Xiaomi ရဲ့နည်းပညာ အသစ်တွေနဲ့ flagship device အသစ် Mi 4C

ကဲ ဒီနေ့ Xiaomi ကတော့ ၄င်းတို့ရဲ့ Flag ship device အသစ်ဖြစ်တဲ့
Mi 4C ကို စတင်မိတ်ဆက်လိုက်ပါတယ်
ယခင် Mi 4i နဲ့ Design ပိုင်းမှာ ဆင်တူပေမယ့် ပြောင်းလဲသွားမှုတွေ အသစ်ပါဝင်လာတဲ့
Feature တွေကတော့ Mi 4i ထက်သာမှာပါ
သိသာတဲ့ ပြောင်းလဲချက်ကတော့ Usb Type-C ဖြစ်ပြီးတော့
Quick Charge 2.0 ကို Support လုပ်ပါတယ်
ကိုင်းဘာတွေပါလဲ ဘာတွေ ကောင်းမွန်ထူးခြားလဲ ကြည့်ရအောင်ဗျာ
144840yad7dmhpq8nh8x15.jpg.thumb
64bit Processor ဖြစ်တဲ့ Qualcomm ရဲ့ Snapdragon 808 SoC ကို အသုံးပြုပေးထားပြီး
Graphic အနေနဲ့ Adreno 418 GPU ကို အသုံးပြုပေးထားတာကြောင့်
 ပေါ့ပါးသွက်လက်ပြီးGraphic ပိုင်းမှာ ကောင်းမွန်တဲ့ ခံစားချက်မျိုးရရှိစေမှာပါ
150117mxzr6gjy06c9c08t.png.thumb
၅ လက်မ Display မှာ 1080P HD ရုပ်ထွက်ကိုထောက်ပံ့ပေးနိုင်တဲ့
Sharp/AUO/LG Custom Display ကိုသုံးထားပါတယ်
အဆိုပါ ဖုန်းမျက်မှာပြင်မှာ ဘေးဘောင်တွေကျဉ်းမြောင်းပြီး ယခင် ထက် ပိုမိုပါးလွှာသွားပါတယ်
ဒါ့အပြင် နေရောင်အောက်မှာလည်း အလင်းရောင် ကို ချိန်ငြိပေးနိုင်မယ့်
Sunlight Diaplay အပြင် ညမှာ စာဖတ်နိုင်မယ့်
Night Mode Reading လည်း ပါရှိတာကြောင့် စာဖတ်ချင်သူတွေအတွက် မျက်စိထိခိုက်မှူကို လျော့ချနိုင်မှာပါ
150933n4sgbdy4qfzqtxw4.png.thumb
ကင်မရာပိုင်းမှာလည်း ကျောဖက်အတွက် 13MP ပါဝင်ပြီး
Sony (IMX258) နဲ့ Samsung (S5K3M2) ကို အသုံးပြုထားတာကြောင့်
ကောင်းမွန်တဲ့ ရုပ်ထွက်နဲ့ မိမိဘ၀ရဲ့ အမှတ်တရအချိန်တွေကို မှတ်တမ်းတင်နိုင်ဦးမှာပါ
PDAF အလွန်လျင်မြန်လှတဲ့ Super-fast Focus ပါဝင်ပြီး 0.1s ထက်လျော့နည်းတဲ့
 မြန်ဆန်လှတဲ့ Focus ကြောင့် မလိုအပ်တဲ့ အချိန်ကုန်မှူုတွေကိုလျော့ချပေးထားပါတယ်။
 ရှေ့ဖက်မှာတော့ 5MP ကိုတပ်ဆင်ပေးထားပြီး wide – angle ရိုက်ကူးနိုင်ပါသေးတယ်
152124nzwq7lzwelez5wj9.png.thumb
Battery ကိုတော့ 3080 mAh ကို အသုံးပြုပေးထားတာကြောင့် ကောင်းမွန်တယ်လို့ဆိုရမှာပါ။
ဒါ့အပြင် နည်းပညာ အသစ်ဖြစ်တဲ့ USB  Type-C ကို အသုံးပြုထားတာကြောင့်
အားသွင်းခေါင်းမှားထိုးမှာကို စိတ်မပူရယုံသာမက
Quick Charging 2.0 ကြောင့် အချိန်တိုအတွင်းမှာ Battery ကို အားအမြန်ပြန်လည် ဖြည့်သွင်းနိုင်မှာဖြစ်လို့
အကောင်းဆုံး အနေအထားတစ်ရပ်မှာရှိနေပါတယ်
153049z0t2s0l02u4zs08o.png.thumb
     150111imfny3h0p3mm3mp4.png.thumb
 ဒါ့အပြင် IR blaster ပါဝင်တာကြောင့် Remote အနေနဲ့လည်းသုံးနိုင်ပါတယ် ။
ယခင် စမတ်ဖုန်းတွေမှာလည်း Remote ပါရှိပေမယ့်
ယခု Mi 4c မှာတော့ ထိန်းချူပ်နိုင်တဲ့ Devices ပေါင်း ၂၀၀၀ ကျော်ထည့်သွင်းထားပြီး
dSLR Cameras တွေတောင်ပါရှိတယ်လို့ဆိုထားပါတယ်
SIM card ၂ ကတ် ထည့်သွင်းအသုံးပြုနိုင်ပြီး ၂ကတ်လုံး 4G ကို အထောက်အပံ့ပေးထားပါတယ် ။
 မြန်မာနိုင်ငံအတွက်တော့ သင့်တော်ပါတယ်
153238fm9rbeg9zjbaq269.png.thumb ထူးခြားတဲ့ပြောင်းလဲမှု Feature အနေနဲ့ ကတော့ အခြား Smart Phone တွေလို
Double Tap Tp wake Screen ပါရှိလာတာဖြစ်ပေမယ့်
Edge Tap လို့ခေါ်တဲ့ Feature ကတော့ ဘယ်ဖုန်းမှာမှမပါသေးတဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ပါတယ်
အဆိုပါ Edge Tap Feature ကတော့ ဖုန်းရဲ့ ဘေးဘောင်ကို တချက်ထိရုံနဲ့
Selfie Mode မှာ Auto ရိုက်ပေးမှာဖြစ်ပြီး
ဘေးဘောင်ကို ၂ ချက်ပုတ်ပေးမယ်ဆိုရင်တော့ Back Key လိုဘဲ နောက်ကို ပြန်သွားမှာ ဖြစ်ပါတယ်
    153437feddjelcjdu6wzjq.png.thumb
151528w55kkszs505en4rs.png.thumb
စတင် ထွက်ထွက်ချင်းကတော့ MIUI 6 နဲ့ ဘဲထွက်ရှိမှာဖြစ်ပြီး
ရက်သတ္တပတ်အနည်းငယ်ကြာတာနဲ့ MIUI 7 ကို Update မြင့်နိုင်မှာပါ
Pink,White ,Gray ,Yellow , Blue အစရှိတဲ့ အရောင်တွေနဲ့ ရနိုင်ကာ
RAM 2GB Flash Memory 16 GB ဆိုရင် $204 ကျသင့်ပြီး
RAM 3GB Flash Memory 32GB ဆိုရင်တော့ $235 ကျသင့်မယ်လို့ Xiaomi ကဆိုထားပါတယ်…..
ကိုင်း…… ကိုင်ထားတဲ့ Xiaomi Device လေးတွေ ပြန်ရောင်းကြတော့မှာလား…… 😛

Refer – Hugo Barra
Aung Khaing (MMAS)
http://www.myanmarmobileapp.com/

No comments:

Post a Comment