ကမ္ဘာတစ်ဝှမ်းလုံးရှိ မိုဘိုင်းဖုန်းအသုံးပြုနေသူတို့ အသုံးပြုနေကြတဲ့ အင်တာနက်လိုင်းဟာ လက်ရှိအချိန်မှာ စတုတ္ထမြောက် မျိုးဆက် (4th Generation ) ဖြစ်တဲ့ 4G အင်တာနက်ဖြစ်ပါတယ်။ 4G အင်တာနက်ဆိုလို့ 4GB Speed ရှိတဲ့ အင်တာနက်လိုင်းကို အသုံးပြုနေရခြင်းမဟုတ်ပါဘူး။ တကယ်တမ်း 4G LTE ရဲ့ အင်တာနက် Speed က ၅ မီဂါဘိုက် မှ ၁၂ မီဂါဘိုက် အတွင်းမှာရှိပြီး အရင်က 3G အင်တာနက် ရဲ့ Speed က ၂ မီဂါဘိုက် မှ ၅ မီဂါဘိုက်အတွင်းရှိနေတာဖြစ်ပါတယ်။ ကမ္ဘာမှာရှိတဲ့ နိုင်ငံတိုင်းနီးပါးလိုလို 4G LTE အင်တာနက်ကို ရရှိအောင်စွမ်းဆောင်နေရတဲ့ အချိန်မှာ Huawei Smartphone ကုမ္ပဏီ နဲ့ ဂျပန်မှ NTT DOCOMO ကုမ္ပဏီ တို့ ပူးပေါင်းကာ 5G (5 Generation ) အင်တာနက်အမျိုးအစားကို ရရှိအောင်စမ်းသပ်ကြိုးစားနေကြပါတယ်။

ဂျပန်နိုင်ငံအနေနဲ့သူတို့ရဲ့ နိုင်ငံသားတွေကို အခြားနိုင်ငံတွေထက် 5G အင်တာနက်ကို စောပြီး အသုံးပြုလိုတဲ့အတွက် အခု စီမံကိန်းကို အကောင်ထည်ဖော်ခဲ့တာဖြစ်ပါတယ်။ အခုစီမံကိန်းကို အကောင်ထည်ဖော်နေကြတဲ့ ကုမ္ပဏီ နှစ်ခုအနေနဲ့ 5G အင်တာနက်ကို အသုံးပြုနိုင်အောင် ကြိုးစားနေကြပေမဲ့လည်းတကယ်တမ်း ရရှိမဲ့ အင်တာနက် Speed ကတော့ 5G အပြည့်မရရှိပဲ 4G နဲ့ 5G အမျိုးအစားနှစ်ခုကြားမှာ ရှိနေတဲ့ Speed ကိုရရှိမှာဖြစ်ပါတယ်။ လက်ရှိစမ်းသပ်မှုမှာတော့ 5G အင်တာနက်ရဲ့ Data Speed ဟာ 3.6 Gbps နီးပါးရရှိနေပါတယ်။ ဒါ့အပြင် စပိန်နိုင်ငံမှ ရရှိနေတဲ့ 4G LET အင်တာနက် Speed ထက် အစ 200 လောက်သာနေတာကိုလည်း စမ်းသပ်ထားကြပါတယ်။ စပိန်နိုင်ငံမှာ ရရှိနေတဲ့ အင်တာနက် Speed ဟာ ၁၈ မီဂါဘိုက်ရှိပါတယ်။ အခုစမ်းသပ်မှုဟာ Wireless (ကြိုးမဲ့) အင်တာနက်နဲ့စမ်းသပ်တာမဟုတ်ပဲ Google ကပေးတဲ့ ဖိုက်ဘာအင်တာနက်လိုင်း Google Fiber နဲ့စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Google Fiber အင်တာနက်လိုင်းရဲ့ Speed ကလည်း 1Gbps ရှိနေပါသေးတယ်။ အဆိုပါ 1Gbps နဲ့ ပေါင်းစပ်မှသာ 3.6Gbps ရရှိတာဖြစ်ပါတယ်။

ဒါ့ကြောင့် Huawei နဲ့ NTT DOCOMO ကုမ္ပဏီ နှစ်ခုအနေနဲ့ 5G အင်တာနက်ရဲ့ Speed ကို Wireless (ကြိုးမဲ့) အင်တာနက် စနစ်ဖြင့် 3.6 Gbps ရရှိအောင်စွမ်းဆောင်သွားမှာဖြစ်ပါတယ်။ အခု 5G အင်တာနက်ကို စမ်းသပ်နေကြတဲ့ Huawei နဲ့ NTT DOCOMO ကုမ္ပဏီ တို့အနေဖြင့် သူတို့ရဲ့ စီမံကိန်းကို ၂၀၁၈ ခုနှစ်မှာ စတင်ထုတ်လွှင့်မှာဖြစ်ပြီး ၂၀၁၉ ခုနှစ်အထိ တစ်ကမ္ဘာလုံးအသုံးပြုနိုင်အောင် ဆက်လက် စမ်းသပ်သွားမှာဖြစ်ပါတယ်။ စီးပွားရေးအနေနဲ့ အသုံးပြုဖို့အတွက်တော့ ၂၀၂၀ ခုနှစ်မှ စတင် အသုံးပြုနိုင်ကြမှာဖြစ်ပါတယ်။ အကယ်၍ ဒီစီမံကိန်းကိုသာ တကယ် အကောင်ထည်ဖော်နိုင်သွားပြီး တကယ်အသုံးပြုခွင့်ရခဲ့မယ်ဆိုရင် လူတိုင်းရဲ့ Smartphone မှာ ၃.၆ ဂစ်ဂါဘိုက် Speed ရှိတဲ့ အင်တာနက်နဲ့ပျော်ရွှင်နိုင်ကြရတော့မှာဖြစ်ပါတယ်။
Ref : Android Authority
Aung Ko Htet (MMA)
No comments:
Post a Comment