iCon
zawgyi သို့ မဟုတ် unicode
Wednesday, October 21, 2015
ရန်ကုန်မြို့ တွင် ဖွင့်လှစ်တော့မည့် စိတ်ခြောက်ခြားဖွယ် အိန္ဒယ စားသောက်ဆိုင်
မြန်မာနိုင်ငံတွင် မသိသူ မရှိလောက်သည့် ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့ သည့် နေအိမ်ကို အဆင့်မြင့် စားသောက်ဆိုင်တစ်ခု အဖြစ် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ငါးလောင်းပြိုင် လူသတ်မှုမှာ တက္ကသိုလ်ရိပ်သာလမ်းသွယ် ဖြစ်သည့် စိမ်းလဲ့ကန်သာလမ်းပေါ်တွင် တည်ရှိသည်။ အခင်းဖြစ်ပွားရာနေရာသည် လူကုံထံရပ်ကွက်တွင် တည်ရှိခြင်း၊ ဖြစ်ပွားချိန်မှာ စစ်အစိုးရ အုပ်ချုပ်နေ ချိန်ဖြစ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေသည့် နေအိမ်နှင့် အမေရိကန်သံရုံးတို့ တည်ရှိသဖြင့် လုံခြုံရေးအလွန်တင်းကြပ်သည့် တက္ကသိုလ် ရိပ်သာလမ်း၏ လမ်းသွယ် တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း၊ အိမ်ဖော် အပါအ၀င် မိသားတစ်စုလုံးကို သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားခဲ့ခြင်း တို့ကြောင့် အဆိုပါ လူသတ်မှုမှာ တစ်နိုင်ငံလုံး၏ အာရုံကို ဖမ်းစားနိုင် ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အခင်းဖြစ်ပွားရာ အိမ်ကြီးရခိုင်၏ လက်ရှိပိုင်ရှင်မှာ မြန်မာနိုင်ငံသား အိန္ဒိယလူမျိုး ဟိန္ဒိုဘာသာဝင် တစ်ဦးဖြစ်ပြီး ယခုဖွင့်လှစ်မည့် စားသောက်ဆိုင် ကို ရှေးဟောင်း အိန္ဒိယ ရဲတိုက်ကြီး သဖွယ် ပြင်ဆင် ထားခြင်း ဖြစ်သည်။
ဆိုင်၏ ဒီဇိုင်းမှာ ၁၈၅၇ ခုနှစ် ကာလက ဒီဇိုင်းပုံစံမျိုး ဖန်တီးထားကြောင်း ဆိုင်ပိုင်ရှင်က ပြောကြားခဲ့ကြောင်း သိရသည်။ အ၀င်ဝ တံခါးဝက နှစ် ၅၀၀ သက်တမ်းရှိသည့် နံသာဖြု သစ်မွှေးသားနဲ့ပြုလုပ်ထားပြီး ကန် ဒေါ်လာ တစ်သန်းခန့် တန်ဖိုးရှိကြောင်း ဆိုင်ပိုင်ရှင်က ပြောကြားခဲ့သည်။
ခြံ၏ အကျယ်အ၀န်းမှာ ပွိင့် ဖိုး ဧကရှိပြီး ခြံထဲမှာ အိန္ဒိယစတိုင် ရွက်ဖျင်တဲ ပုံစံ ၄-၅ လုံး ရှိသည်။ အဆောက်အဦးထဲဝင်သွားပါက အရာအားလုံးကို အိန္ဒိယစတိုင် ပြင်ဆင်ထားသည်။
အဆိုပါ အိမ်ကြီးကို လက်ရှိပိုင်ရှင်မှ လွန်ခဲ့သည့် သုံးနှစ်လောက်က တရားဝင် ၀ယ်ယူခဲ့ပြီး ငွေကြေး တော်တော်များများ အကုန်အကျ ခံပြီး ပြင်ဆင်ခဲ့ကြောင်း သိရသည်။
ဓါတ်ပုံ - မြတ်သူအောင်၊ မင်းအိုက်ခ်
သတင်းရင်းမြစ် - မြတ်သူအောင်
The Ladies News Journal
https://www.facebook.com/News.TheLadies
Labels:
သတင်း
Subscribe to:
Post Comments (Atom)






No comments:
Post a Comment