iCon
zawgyi သို့ မဟုတ် unicode
Saturday, October 10, 2015
ထွက်ပြေးတိမ်းရှောင်နေသော ပြစ်မှုကျူးလွန်သူကို နေပြည်တော်၌ ဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၉
ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် မှ လူသတ်မှုဖြင့် ထွက်ပြေးတိမ်းရှောင် နေသူကို နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် ကျည်တောင်ကန်နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်း အားထုတ်မှုကြောင့် လက်ရဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တာချီလိတ်မြို့နယ် ဝမ်ပုံရဲစခန်း၏(ပ)၁၁/၂ဝ၁၅ ပြစ်မှု ပုဒ်မ ၃၂၅ မှ ၃ဝ၂ သို့ ပြောင်းလဲ စစ်ဆေးခဲ့သော အမှုမှ ပြစ်မှုကျူးလွန် သူ မြင့်အောင်(၄၈ နှစ်)ကို ရဲစခန်း အပိုင်အတွင်းရောက်ရှိလာပါက ဖမ်း ဆီးပေးနိုင်ရန် ဝမ်ပုံရဲစခန်း၏ အကြောင်းကြားစာအရ နယ်မြေ အတွင်း စဉ်ဆက်မပြတ် သတင်းစုံစမ်း ထောက်လှမ်းခဲ့ရာ အဆိုပါအမှုမှ ထွက်ပြေးတိမ်းရှောင်နေသူ မြင့်အောင် ကို ပုဗ္ဗသီရိမြို့နယ် ရွာတော်ကျေးရွာ အုပ်စု ရွာသစ်ကျေးရွာ ဦးစော (၅၄နှစ်)၏နေအိမ်ဝါးဆိုင်၌ အောက်တို ဘာ ၈ ရက် ညနေ ၄ နာရီခွဲတွင် ဒုရဲအုပ်စိုးမင်းနှင့်အဖွဲ့က ဝင်ရောက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းအား ကျည်တောင်ကန် နယ်မြေရဲစခန်းသို့ ခေါ်ယူစစ်ဆေး ရာ ၄င်းသည် လူတစ်ဦးကို သတ်ပြီး လာရောက်ရှောင်တိမ်းနေခြင်းဖြစ် ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ဆက်လက် အရေးယူဆောင်ရွက် နိုင်ရန်အတွက် အခင်းဖြစ်စဉ် စခန်း အပိုင်ဖြစ်သော တာချီလိတ်မြို့နယ် ဝမ်ပုံရဲစခန်းသို့ ဆက်သွယ်အကြောင်း ကြားထားကြောင်း သိရသည်။
မင်းမင်းလတ်(မန်းတက္ကသိုလ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Labels:
သတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment