iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, October 19, 2015

ပုစွန်တောင်မြို့နယ် မဟာညောင်ကုန်းကျောင်းတိုက် ကျားသင်္ဃန်း ပရိယတ္တိစာသင်တိုက်တွင် မီးလောင်မှု ဖြစ်ပွား



 ရန်ကုန် အောက်တိုဘာ ၁၉

 ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုစွန်တောင်မြို့နယ်တွင် အောက်တိုဘာလ ၁၉ ရက်၊ နံနက် ၂နာရီ ၅၀ တွင် အမှတ် (၂) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ အကျယ် ၅၀ ပေ၊ ၃၀ ပေရှိသော မဟာညောင်ကုန်းကျောင်းတိုက်၊ ကျားသင်္ဃန်းပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီး ကျောင်းတွင်မီးလောင်မှု ဖြစ်ပွားကြောင်းသိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ ခြင်းဆေးခွေ မီးထွန်းရာမှတစ်ဆင့် သတင်းစာစက္ကူသို့ မီးကူးစက်၍ ကျောင်းတိုက်အား မီးလောင်ခဲ့ရခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသော်ဒါ၊ အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဦး အပါအဝင် မီးသတ်အင်အား (၅၀) ဦး၊ အုပ်ချုပ်မှုယာဉ် (၃) စီး၊ မီးသတ်ယာဉ် (၁၁) စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၀ မိနစ်တွင် မီးညွှန့်ကျိုးပြီး ၃နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် ကျောင်းရှိ သံဃာတော်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ level (1) အဆင့်ရှိကြောင်း သတင်းရရှိသည်။

စန္ဒာမိုး (ပုဇွန်တောင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment