ဂျာမနီနိုင်ငံမှာ လက်ရှိအချိန်မှာ ဆီရီးယားကနေ ဝင်ရောက်တဲ့ ဒုက္ခသည်ပေါင်း ၆သိန်းဝန်းကျင်လောက် ရှိသွားပါပြီ။ တစ်ရက်ကို တစ်နာရီနှုန်းမကပဲ ဂျာမနီကို ဝင်ရောက်လို့ အလုပ်ရှာရန် ကြိုးစား ပါတယ်။ တစ်ဖက်ကနေ ကြည့်လိုက်တဲ့ အခါမှာလည်း ဂျာမနီမှာ ကြုံတွေ့နေရတဲ့ ပြဿနာက ပရိုဂရမ်မာ ရှားပါးခြင်း ပြဿနာ ဖြစ်ပါတယ်။ ဒါကြေင့်မို့ ပုံမှာ မြင်တွေ့ရတဲ့ လူငယ်များဟာ စွန့်ဦးစီးပွား တစ်ခုကို စတင်ပါတယ်။ ယင်းကတော့ ဒုက္ခသည်များကို Programming ပညာ လိုက်လံ သင်ကြားပေးခြင်း ဖြစ်ပါတယ်။
ယင်း လုပ်ငန်း အဖွဲ့အစည်းအမည်ကို Refugees on Rails လို့ အမည်ပေးထားပါတယ်။ Ruby on Rails ကို Refugees နဲ့ ပေါင်းလိုက်ခြင်း ဖြစ်ပါတယ်။ သင်ပေးတဲ့ programming ပညာရပ်မှာ အခြေခံကနေစလို့ အဆင့်မြင့် coding ရေးသားတဲ့အထိ ပါဝင်ပြီး PHP, Ruby, Java, .Net အပြင် အခြားသော Programming ပညာပေါင်း များစွာ ပါဝင်ပါတယ်။ သူတို့အနေနဲ့ သင်ကြားပေးပြီးရင် သင်ကြားပေးပြီးရုံမကပဲ ၎င်းတို့ကို အလုပ်ပါ ရရှိစေရန် ဖန်တီးပေးမှာ ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့်လည်း ဂျာမနီနိုင်ငံတစ်ဝန်းက programmer လိုအပ်နေတဲ့ အလုပ်များစွာဆီကို ရောက်အောင် ဖန်တီးပေးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ယင်း အလုပ်များဟာ ဘာလင်မြို့မှာပဲ ရှိတာ များပါတယ်။
အခြားသော ဒုက္ခသည်များက အခြားသော အလုပ်အမျိုးအစားများကို ရှာဖွေနေချိန် လူငယ်နဲ့ အိုင်တီစိတ်ဝင်စားတဲ့ ဒုက္ခသည်များကို IT ဘက်သို့ ရောက်အောင် ပြုစုပျိုးထောင်ပေးတဲ့ Startup ဖြစ်တာကြောင့် ကမ္ဘာတစ်ဝန်းမှ ချီးကျူးလျက် ရှိကြ ပါတယ်။
.
Ref: Mashable
အောင်ခမ်း (MMA)
.
Ref: Mashable
အောင်ခမ်း (MMA)
No comments:
Post a Comment