iCon
zawgyi သို့ မဟုတ် unicode
Monday, October 19, 2015
လက်မထပ်ထားဘဲ ခလေးမွေးလို့  သေဒဏ်ပေးခံရ
19-10-2015
မော်လ်ဒီးဗ်စ် ကျွန်းနိုင်ငံ မှာတော့ အမျိုးသမီး တစ်ဦး ဟာ လက်ထပ် ထိမ်းမြား ထားခြင်း မရှိပဲ ကလေး ဖွားမြင် ခဲ့လို ဆိုပြီး ကျောက်ခဲ နဲ့ ပေါက်သတ်ဖို့ တရားရုံး ကနေ ပြစ်ဒဏ် ချ လိုက် ပါတယ်။
ဇိမ်ခံ အပန်းဖြေ ကမ်းခြေ တွေ ရှိလို့ ကမ္ဘာ အနှံ့ က အားလပ်ရက် အပန်း ဖြေ ထွက်သူတွေ အကြား ထင်ရှား တဲ့ မော်လ်ဒီးဗ်စ် နိုင်ငံ မှာ လူမြင်ကွင်း ကြိမ်ဒဏ် ပေးတာ မျိုး တွေ ပြုလုပ် ခဲ့ဖူး ပေမယ့်၊ အခုလို ကျောက်ခဲ နဲ့ပေါက်သတ် တာမျိုး တော့ မလုပ် ဖူးသေးဘူး လို့ သတင်း ထောက် တွေ က ပြောပါတယ်။
ရာဇသတ် ပုဒ်မ တွေ ကို အပြစ်ပေး စီရင် တဲ့ အခါ အစ္စလာမ် ဘာသာရေး ရှရီယာ ဥပဒေ တွေ အရ ကျယ်ကျယ်ပြန့်ပြန့် ပြစ်ဒဏ်ချ နိုင်ဖို့ မော်လ်ဒီးဗ်စ် နိုင်ငံတွင်း လောလော လတ်လတ်မှာပဲ ဥပဒေပိုင်း ဆိုင်ရာ ပြောင်းလဲမှု တွေ ပြုလုပ် ထားပါတယ်။
အစိုးရ ရှေ့နေချုပ် ရုံး ကိုယ်တိုင် က ဒီ လို ပြစ်ဒဏ် စီရင် ချက် ဟာ ဥပဒေ နဲ့ မညီညွတ် ဘူး၊ အယူခံ ဝင်မယ် လို့ ပြောနေပါတယ်။
BBC
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
Labels:
သတင်း
Subscribe to:
Post Comments (Atom)


No comments:
Post a Comment