iCon
zawgyi သို့ မဟုတ် unicode
Monday, October 12, 2015
ဓါးဖြင့်ခုတ်သတ်သူနှင့် မြှောက်ပင့်ပေးသူများကို အရေးယူ
မြို့သစ် အောက်တိုဘာလ ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက် နေသူ သိန်းသန်းမြင့် (၂၉)နှစ် သည် ည (၇)နာရီအချိန်ခန့်တွင် ကြက်ဝယ်ရန် နေအိမ်မှ ထွက်လာစဉ် တစ်ရပ်ကွက်တည်းနေ အစ်ကို အရင်းဖြစ်သူ အောင်မြင့်ထွန်း (၃၂)နှစ် နှင့် အိမ်နီးချင်း သန်းလင်းကျော် (၁၈)နှစ်၊ သန်းလင်းကျော်၏ မိခင် ဒေါ်ရင်အေး (၅၀)နှစ်၊ သန်းလင်းကျော်၏ သူငယ်ချင်းများ ဖြစ်ကြသော မြို့သစ်မြို့၊ ဈေးရပ်ကွက်နေသူ ဇင်ကိုလွင် (၁၈)နှစ် နှင့် ထွဋ်ခေါင်မျိုးဝင်း (၁၇)နှစ်တို့သည် တစ်ဖက်နှင့် တစ်ဖက်အပြန်အလှန် စကား များနေသည် ကို တွေ့ရှိရ၍ စကားမများရန် ပြောဆို တားမြစ်ခဲ့သော်လည်း ဒေါ်ရင်အေးမှ လုပ်သာလုပ် ဟု မြှောက်ပင့်ပြောဆိုခြင်း၊ ဇင်ကိုလွင်နှင့် ထွဋ်ခေါင်မျိုးဝင်း တို့မှလည်း အောင်မြင့်ထွန်းကို လုပ်ကွာ ဟု မြှောက်ပင့်ပေးစဉ် သန်းလင်းကျော် မှာ အောင်မြင့်ထွန်း ၏ နေအိမ်နောက်ဖေး အထိ ပြေးဝင်လိုက် သွားကာ အသင့်ပါ လာသော ဓါးမဖြင့် ခုတ်၍ အောင်မြင့်ထွန်းတွင် ယာနားအောက်/ ယာပါး/ ယာပုခုံး ပြတ်ရှဒဏ်ရာများ ရရှိခဲ့၍ မြို့သစ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် စဉ် ည ၇ နာရီ ၄၅ မိနစ် အချိန် သေဆုံး သွားသဖြင့် သန်းလင်းကျော်ပါ (၄)ဦးအား သိန်းသန်းမြင့်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၄၃/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
မောင်ညီညာ(မြေလတ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Labels:
သတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment