iCon
zawgyi သို့ မဟုတ် unicode
Tuesday, October 20, 2015
ဘုန်းမောက်ကို ဂိုးပြတ်နိုင်ပြီးတဲ့နောက် အနားယူခဲ့ကြတဲ့ မန်စီးတီးအသင်းသားများ
မန်စီးတီးအသင်းရဲ့ အကျော်အမော်ကစားသမားတွေဖြစ်တဲ့ Raheem Sterling , Kevin De Bruyne နဲ့ Vincent Kompanyတို့ဟာ ဘုန်းမောက်အသင်းကို အနိုင်ရပြီးတဲ့နောက်မှာ သူတို့ရဲ့ သက်ဆိုင်ရာ နေရာတွေမှာ အသီးသီး အပန်းဖြေခဲ့ကြတယ်လို့ သိရပါတယ်။
De Bruyne ကတော့ မန်ချက်စတာမြို့မှာ သူ့ရဲ့ချစ်သူဖြစ်တဲ့ Michel Lacroix နဲ့ အတူ အပန်းဖြေ လျှောက်လည်ခဲ့ကြတယ်လို့ သိရပါတယ်။ De Bruyne ဟာ Lacroix နဲ့ ပထမဆုံးရင်သွေးကို မျှော်မှန်းထားတယ်လို့ ပြီးခဲ့တဲ့ သုံးပတ်က ထုတ်ဖော်ပြောကြားထားပြီး မိခင်ဖြစ်လာတော့မယ့် သူ့ချစ်သူအတွက် အချိန်ပေးပြီး ဂရုစိုက်ပေးနေတာပါ။
အသင်းခေါင်းဆောင် Kompany ကတော့ ဘုန်းမောက်နဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့်လည်း အနားယူဖို့အတွက် အင်္ဂလန်မျက်လှည့် အကျော်အမော် Dynamo ဆီကိုသွားရောက်ခဲ့တာပါ။ Kompany ဟာ မန်ချက်စတာမြို့က Apollo ကဇာတ်ရုံမှာ Dynamo ရဲ့ ပြကွက်ဆန်းတွေကို သွားကြည့်ခဲ့တာဖြစ်ပြီး ရင်သပ်ရှုမောစရာ ပြကွက်တွေပါပဲလို့ မှတ်ချက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့ဒီပွဲမှာ ဘုန်းမောက်အသင်းကို ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ Sterling ကတော့ သူ့ရဲ့ ပြုံးနေတဲ့ ဓာတ်ပုံကို Instagram မှာ တင်ထားခဲ့ပြီး အဲ့ဒီဓာတ်ပုံထဲမှာတော့ သူ့ရဲ့ ပေါင် ၄၈၆၀၀တန် ရွှေရောင် Rolex နာရီကိုလည်း ကြွားထားပါသေးတယ်။
မန်စီးတီးနည်းပြ Pellegrini ကတော့ သူတို့သုံးယောက်နဲ့ ပတ်သက်ပြီး " Vincent (Kompany) ကတော့ ပွဲပန်းနေလို့ ချန်လှပ်ခဲ့တာပါ။ သူကဒဏ်ရာက သက်သာပြီးခါစမှာတင်ပဲ ဘယ်လ်ဂျီယံအသင်းအတွက် ကစားခဲ့ရတယ်လေ။ Raheem(Sterling) နဲ့ Kevin (De Bruyne) တို့ကတော့ နွေရာသီမှာ ဈေးကြီးပေးခေါ်ခဲ့ရတာကို တန်အောင် သက်သေပြနေကြတယ်။
Raheem(Sterling) ကတော့ အဆုံးသတ်ပိုကောင်းအောင် ကြိုးစားရအုံးမှာပါ။ဲ့ Kevin ကိုလည်း အကောင်းဆုံးတွေဖြစ်အောင် လေ့ကျင့်ပေးသွားအုံးမယ် " လို့ ပြောခဲ့တယ်လို့ သိရပါတယ်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)



No comments:
Post a Comment