Carrera Wearable 01 လို့ အမည်ရတဲ့ ဇိမ်ခံ စမတ်နာရီကို လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့၊ နယူးယောက်မှာ မိတ်ဆက်ပြသမှာ ဖြစ်ပါတယ်။ ဈေးနှုန်း အတိအကျအားဖြင့် အမေရိကန်ဒေါ်လာ ၁၈၀၀ တန်ဖိုးရှိတဲ့ စမတ်နာရီ ဖြစ်ပါတယ်။ ဒေါ်လာဈေးနဲ့ မြန်မာဈေး အပြောင်းအလဲကြောင့်မို့ ၂၅ သိန်းလောက်အထိလည်း ဖြစ်သွား နိုင်ပါတယ်။
သူဟာ ဆွစ်ဇာလန်က ဇိမ်ခံနာရီများကို ယှဉ်ပြိုင်ဖို့အတွက် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။ နာရီကို Android Wear OS ဖြင့် လည်ပတ်စေမှာ ဖြစ်ပါတယ်။ ဒီတော့ Android စမတ်ဖုန်းများနဲ့ သုံးရန် ပိုသင့်လျော်ပြီး iPhone အတွက်လည်း ရရှိစေအုံးမှာ ဖြစ်ပါတယ်။ Feature များ အနေနဲ့ကတော့ ဖုန်းရဲ့ Notification ကို နာရီကနေ စစ်တာမျိုး၊ သီချင်းဖွင့်၊ သီချင်းပိတ်၊ ရာသီဥတု အခြေအနေကြည့် အစရှိသဖြင့်များစွာသော feature များ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖန်သားပြင်ဟာ ဆိုရင် ပုံသေ ဒိုင်ခွက်ထဲက အတံများနဲ့ ပါမှာလား LCD screen ဖြစ်မလားဆိုတာတောင် သေချာ မသိရသေးပါဘူး။ ပုံမှာ ပြထားသလိုဆိုရင် စမတ်နာရီလို့တောင် မထင်ရတဲ့ ပုံစံမျိုးတွေ ဖြစ်ပါတယ်။
Carrera Wearable 01 ကို အမေရိကန်ဒေါ်လာ ၁၈၀၀ နဲ့ ရောင်းချပြီး ယင်းထက် ဈေးနှုန်းမြင့်တဲ့ ဗားရှင်းများလည်း ရရှိမှာ ဖြစ်ကြောင်း ဆိုပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMA)
.
Ref: pocketlint
အောင်ခမ်း (MMA)
No comments:
Post a Comment