Facebook အနေနဲ့ နောက်ထပ်ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုလုပ်ရန် ရှိပါတယ်။ ယင်းကတော့ Profile Picture ဓာတ်ပုံ နေရာမှာ ပရိုဖိုင် ဗီဒီယို ဆိုတာလေးနဲ့ အစားထိုးရန် ဖြစ်ပါတယ်။ ဒါကြောင့်မို့ တည်တည်ကြီး ရှိနေတဲ့ ဓာတ်ပုံ နေရာမှာ ဗီဒီယိုကို မြင်တွေ့ရပါလိမ့်မယ်။
ယင်းသို့ ပြုလုပ်ခြင်းကြောင့် လူတိုင်း ဗီဒီယို ရိုက်ပြီး တင်ရမယ်လို့ မဆိုလို ပါဘူး။ ဒါဟာ user ရဲ့ ရွေးချယ်မှု အပေါ်မှာသာ မူတည်မှာ ဖြစ်ပါတယ်။ ဥပမာ ပုံပဲ ကြိုက်တယ်ဆိုရင် ပုံပဲ ထားနိုင်သလို ဗီဒီယို ကြိုက်တယ်ဆိုရင် ဗီဒီယို ထားနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် Facebook မှ တရားဝင် ကြေညာခြင်း လည်း မဟုတ်သေးပါဘူး။ Facebook က ယင်းအတွက် စမ်းသပ်နေခြင်း ဖြစ်ကြောင်းသာ သတင်းထွက်လာခြင်း ဖြစ်ပါတယ်။ Facebook က စမ်းသပ်မှုတွေ ထဲမှာ အောင်မြင်တာလည်း ရှိသလို ဖြစ်မလာတာတွေလည်း ရှိပါတယ်။ အများစု လိုချင်နေတဲ့ Dislike လက်မအောက်ဆိုက် ကတော့ ရရှိတော့မှာ ဖြစ်ပါတယ်။
အလားတူပဲ စက္ကန့်အနည်းငယ်စာ ဗီဒီယို တင်ခွင့်ရရှိမှုအပေါ် user တွေ တကယ်ကော သုံးဖြစ်မှာလား ဆိုတာ မေးခွန်းထုတ်စရာ ရှိလာ ပါတယ်။
.
Ref: theverge
အောင်ခမ်း (MMA)
.
Ref: theverge
အောင်ခမ်း (MMA)
No comments:
Post a Comment